အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

2012.12.21
yingluck_305 ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ကြည့်ရှုတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို သမ္မတဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်
Photo : Yingluck Shinawatra's facebook

မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္လာနေ့သွားရောက်ခဲ့စဉ်မှာ မြန်မာအလုပ်သမားဝန်ကြီးရဲ့ တိုက်တွန်းချက်အရ ထိုင်းဝန်ကြီးချုပ် က အဲဒီလိုကတိပေးခဲ့တာဖြစ်ကြောင်း မြန်မာအလုပ်သမားရေးရာဌာန ညွန်ကြားရေမှူးချုပ် ဦးမျိုးအောင်က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit ကို ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ စနေနေ့ ထုတ်ဝေတဲ့ Bangkok Post သတင်းစာမှာဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit က သူတို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင်ခေါ်ယူဖို့ စဉ်းစားနေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ နို်င်ငခြားအလုပ်သမားတွေကို တရားဝင် ဌားရမ်းနိုင်မယ်လို့ဆိုပါတယ်။ ထိုင်း အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနကို တရားဝင်တင်ပြလျှောက်ထားရမယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။