ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၈၅ သန်း အကူအညီပေးမည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၈၅ သန်း အကူအညီ ပေးမယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
2012-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
world-bank-seminar-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်က ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စ Pamela Cox (အလယ်)က ရှင်းလင်းပြောဆိုနေစဉ်။
RFA

ဒီ အကူအညီဟာ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် စာသင်ကျောင်းတွေ၊ လမ်းတွေနဲ့ ရေရရှိရေး ကဏ္ဍတွေ၊ ဒါမှမဟုတ် အောက်ခြေ လူထုအတွက် လိုအပ်တဲ့ တခြား စီမံကိန်းတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့ Chatrium ဟော်တယ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စ Pamela Cox က မြန်မာနိုင်ငံဟာ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရ ဖြစ်လာတာ၊ ပဋိပက္ခ ဖြစ်နေရာကနေ ငြိမ်းချမ်းရေးဘက်ကို ဦးတည်လာတာ၊ တံခါးပိတ် စီးပွားရေးစနစ်ကနေ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလာတာတွေကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံလာတာ ဖြစ်တယ်လို့ မစ္စ Pamela Cox က ပြောသွားပါတယ်။

ဒါ့အပြင် သူက - ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောချင်တာက မြန်မာနိုင်ငံက ပေးစရာရှိတဲ့ ကြွေးမြီတွေကို လုံးဝ လျှော်ပစ်လိုက်တာ မဟုတ်ပါဘူး။ အတိုးအဖြစ် ပေးရမယ့် ငွေတွေနဲ့ ပတ်သက်လို့ပဲ အဆင်ပြေအောင် ကျွန်မတို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို အကြွေးငွေ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပြန်ဆပ်ဖို့ ရှိပါတယ်။ အဲဒီအကြွေးတွေ အတွက် အတိုးငွေကို ပြန်ဆပ်နိုင်အောင် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေဘဏ်တို့က ကူညီမယ်လို့ ဆိုပါတယ်။ အဲဒီလို ပြန်ဆပ်ပြီးမှသာလျှင် ဒေါ်လာ ၈၅ သန်းကို ကမ္ဘာဘဏ်က ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီငွေတွေကို လာမယ့် အောက်တိုဘာလ လောက်မှာ ပေးနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ် အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှ ဖွံ့ဖြိုးရေးဘဏ်ကိုလည်း ဒေါ်လာ သန်း ၅၀၀ အကြွေးပြန်ဆပ်ဖို့ ရှိပါတယ်။ ၁၉၈၇ ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်ခု ဖြစ်သွားတဲ့အတွက် ကမ္ဘာ့ဘဏ်က ငွေကြေး အကူအညီတွေ ဖြတ်တောက်ခဲ့ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ရတီဦး

နေရပ်- ရန်ကုန်

ရွှေဘိုမောင်..
အေးချမ်းမှုသာ ရရှိသည့်သည်

Aug 04, 2012 03:12 PM

အမည်မဖော်လိုသူ

Well done, thank you.As our saying sadhu""""!!!

Aug 03, 2012 09:51 AM

အမည်မဖော်လိုသူ

Thank you, World Bank for helping our country is development.

Aug 02, 2012 01:44 AM

Myo Chit

I hope that money does not go to ex-Generals and their cronies' company and corrupted bureaucrats.

Aug 01, 2012 02:22 PM

peehelhtoo

နေရပ်- Netherlands

I´m very happy for u help.

Aug 01, 2012 12:57 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.