ကြားကာလ နည်းဗျူဟာ အချောတစ်စောင်ကို လာမယ့် အောက်တိုဘာလ အကုန်မှာ ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက အာရှဘဏ်အဖွဲ့နဲ့အတူ အခုလဆန်းပိုင်းက ရန်ကုန်မြို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ချေးငွေ အမေရိကန် ဒေါ်လာ ၈၅ သန်း ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ ကမ္ဘာ့ဘဏ်အဖွဲ့ကြီး အနေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ အသေအချာ အစေ့အငတိုင်ပင်ဆွေးနွေးမှုတွေ မရှိဘူး၊ အလျင်စလို လုပ်ကိုင်နေပြီး ပွင့်လင်းမြင်သာမှု မရှိဘူး စတဲ့ တိုင်တန်းမှုတွေကြောင့် ပြည်တွင်းပြည်ပ NGO တွေရဲ့ တိုက်တွန်းမှုအရ ဒီ နည်းဗျူဟာ စာတမ်းကို ရေးဆွဲခဲ့ရတာပါ။
မြန်မာဘာသာနဲ့လည်း မကြာခင် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
