ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာသန်း ၈၀ ထောက်ပံ့ကူညီမည်

မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀ ထောက်ပံ့ ကူညီပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

2012.11.02
world_bank_305 မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် Mr.Kanthan Shankar ပုံ
Photo: RFA/Sai Htun Aung Lwin

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်အဖွဲ့ကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကို မပေးချေနိုင်တာကြောင့် ၁၉၈၇ ခုနှစ် နောက်ပိုင်းကထဲက ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေထုတ်ပေးတာကို ရပ်ဆိုင်းခဲ့ပြီး ငွေကြေးအကူအညီတွေ ဖြတ်တောက်ခဲ့ပါတယ်။

၂၅ နှစ်ကာလအကြာ အခုမှ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးဖို့အခုလို ကူညီတာလို့သိရပါတယ်။ အပြောင်းအလဲတွေ ဆက်လက် အရှိန်တိုးမြှင့်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းချင်တယ်။ အရေးအကြီးဆုံး လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍတွေနဲ့ ပုဂ္ဂလိကပိုင်းမှာ အလုပ်အကိုင်သစ်တွေ ဖေါ်ထုတ်ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ အဖွဲ့ ဥက္ကဌ Jim Yong Kim က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံ အစိုးရကလဲ ဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့ သူတို့ဆီကချေးယူထားတဲ့ ချေးငွေတချို့ကို ချေဖျက်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိတဲ့ ဒေါ်လာ သန်း ၄၀၀ နီးပါး အကြွေးဟောင်းတွေကိစ္စကို ဘယ်လိုရှင်းမယ်ဆိုတာ ဂျပန်နိုင်ငံအပြင် အာရှဘဏ်အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။