ပြည်သူတွေ ဆန္ဒပြတိုင်း အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်ကနည်းမျိုးစုံနဲ့ တရားစွဲဆိုနေမယ် ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အယုံအကြည် မရှိဆိုတဲ့ အဆိုအထိ တင်သွင်းသွားမယ်လို့ တရားစွဲဆိုခံထားရတဲ့ ကိုဝေဠုက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၂) ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုနေတဲ့ အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာက လယ်သမား ဦးရေ (၃၀) နီးပါးဟာ လက်ရှိအချိန်ထိ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုနေဆဲပဲလို့ သိရပါတယ်။
တရားစွဲဆိုခြင်း ခံထားရတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဝင်းချိုကို RFA သတင်းထောက် မသူဇာ ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00
