ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြားပေါင်း ၇-သောင်းကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖမ်းဆီးရမိခဲ့တယ် လို့ စစ်တွေရဲတပ်ဖွဲ့က ထုတ်ဖေါ်ကြေညာ ပါတယ်။
စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတစ်ဦး သယ်ဆောင်လာတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇ သောင်းကို စစ်တွေ-ဘူးသီးတောင် သင်္ဘောဆိပ်မှာ ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးမိရာက နောက်ထပ် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နီးပါးလောက်ကို စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်မှာ နေထိုင်သူ ၂ ဦးထံက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ကချင်ပြည်နယ်ဘက်က စတင်သယ်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှနယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ကို ဦးတည်သယ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ စစ်တွေရဲတပ်ဖွဲ့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသးုံစွဲမှု များပြားလာနေသလို အဓိကရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေဟာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဆေးခြောက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။