ရန်ကုန်ဆေးရုံကြီး ပြုပြင်ရေး ဗြိတိသျှနည်းပညာနဲ့ လုပ်မည်


2014.04.28
yangon-hospital-305 ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်
Photo: RFA

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မအဆောက်အဦးကို ဗြိတိန်နိုင်ငံက ပညာရှင်တွေရဲ့ နည်းပညာအကူအညီ နဲ့ ပြုပြင်မွမ်းမံသွားမယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး ပြုပြင်ရေးနဲ့ အဆင့်မြှင့်တင်ရေးကော်မတီ က ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး အဆောက်အဦး ကို ပြုပြင်မွမ်းမံဖို့ အတွက် ဗြိတိန်နိုင်ငံက ပညာရှင်အဖွဲ့ လာရောက် စစ်ဆေးပြီးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ပြုပြင်ရေးနဲ့အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင် ရန်ကုန်ဆေးရုံအုပ် ဒေါက်တာဒေါ်ပပက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပြုပြင်မွမ်းမံဖို့ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရေးနဲ့ အဆင့်မြှင့်တင်ရေး ကော်မတီက အဓိကဆောင်ရွက်နေတာဖြစ်ပြီး အစိုးရက ငွေကြေးချမှတ်ပေး ထားတာ ဖြစ် ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်ပြင်ဆင်ဖို့ အစိုးရက ဘက်ဂျက် ကျပ်သန်း ငါးထောင် ချထားပေးပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဆေးရုံကြီးဝင်းအတွင်း ၅ ထပ်အဆောက် အဦးကြီးကို စတင်ဆောက်လုပ်နေပြီး လာမယ့်အောက်တိုဘာလထဲမှာ ပြီးစီးမယ်လို့ သိရပါတယ်။ အဲဒီအဆောက်အဦး ပြီးရင်တော့ လူနာတွေကို ပြောင်းရွှေ့ပြီး ပင်မဆေးရုံကြီး အဆောက်အဦးဟောင်း ကို ပြင်ဆင်မွမ်းမံမှာဖြစ် ပါတယ်။

ရန်ကုန်ဆေးရုံကြီးပြုပြင်မွမ်းမံရေးကော်မတီဝင် ရန်ကုန်ဆေးရုံအုပ် ဒေါက်တာဒေါ်ပပ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။