တောင်သူလယ်သမား သမဂ္ဂဝင်များ ကော့မှူးမြို့မှာ ဆန္ဒပြ


2014.03.23
nargis_field_305px.jpg ရေဝပ်နေတဲ့ လယ်တချို့ကို တွေ့ရစဉ်။
(Photo: AFP)

ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး က တောင်သူ လယ်သမားသမဂ္ဂအဖွဲ့ဝင် လယ်သမား ၃၀၀ ကျော်လောက်ဟာဖမ်းဆီခံတောင်သူတွေ ပြန် လွှတ်ပေးဖို့၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲ ခံထားရတဲ့ လယ်ယာမြေအမှုတွေ ဖြေရှင်းပေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့ မနက်ပိုင်း က တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေက မဖြေရှင်းပေးတဲ့အတွက် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာက တောင်သူ ဦးမိုးအောင်က ပြော ပါတယ်။

" သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းခံထားရတာ အများအပြားပေ့ါ ကျွန်တော်တို့ ကိုယ်တိုင်လည်း လယ်ယာမြေ သိမ်းဆည်းခံထားရတာ ပါတယ်ပေ့ါ နောက်တစ်ချက်က လယ်သမားတွေလည်း နစ်နာဆုံရှုံးတယ်၊ ဘဏ်ငွေကို လယ်သမားတွေက မဆက်နိုင်တဲ့ အခက်အခဲတွေက အများအပြားရှိပါတယ်၊ ဒါကြောင့်မို့ ကော့မှူး မြို့နယ် အုပ်ချုပ် ရေးမှူးတွေက မဖြေရှင်းပေးတဲ့ အတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ကော့မှူးမြို့နယ် တောင်သူလယ်သမား သမဂ္ဂ သင်တန်းကျောင်းရှေ့ကနေ ဒလ-ကော့မှူး အဝေးပြေး ကားလမ်းတလျှောက် ငှက်အော်စမ်း လမ်းဆုံအထိ လမ်းလျှောက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကော့မှူး၊ လှိုင်သာယာ၊ ထန်းတပင်၊ မော်လမြိုင်ကျွန်း၊ မအူပင်နဲ့ မြောင်းမြမြို့နယ်က တောင်သူတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။