ရန်ကုန်တက္ကသိုလ်မှာ သံချပ်ဖျော်ဖြေခွင့် တားမြစ် ပိတ်ပင်


2014.08.20
yangon-university-305.jpg ရန်ကုန်တက္ကသိုယ် ဘွဲ့နှင်းသဘင်ခန်းမကို တွေ့ရစဉ်
photo: Internet

လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ စတင်ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် သိပ္ပံပြပွဲ ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာစာဌာန ကျောင်းသားကျောင်း သူတွေက သံချပ်နဲ့ဖျော်ဖြေမယ့်အစီအစဉ်ကို ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်က တားမြစ်ခဲ့တယ်လို့ မြန်မာ စာဌာန ကျောင်းသားတွေက ပြောပါတယ်။

သံချပ်နဲ့ဖျော်ဖြေခွင့် တားမြစ်ခံရတဲ့အပေါ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖဲ့ွဝင် မြန်မာ စာ ကျောင်းသူ သံချပ်အဖဲ့ွခေါင်းဆောင် မအိဆွေမြတ် က အခုလိုပြောပါတယ်။

"ညီမတို့သံချပ် အကြိုလေ့ကျင့်တာလုပ်နေတဲ့ အချိန်မှာ ပါချုပ်ကခန်းမထဲကို ရောက်လာတယ် ၊ ရောက်လာပြီးတော့ တာဝန်ရှိတဲ့ဆရာမကို ခေါ် သွားတယ်ပေါ့နော်၊ ပါချုပ်ကပြောတယ်ပေါ့နော် သူတို့ လူကြီးတွေကို ဖိတ်ထားတဲ့ ဖိတ်စာမှာ ခေါင်းစဉ်က တိုင်းရင်းသားရိုးရာပဒေသာကပွဲလို့ပါတာ သံချပ်ကဒီပွဲနဲ့ သိပ်ပြီးမအပ်စပ်ဘူးထင်တယ်၊ တိုင်းရင်းသားရိုးရာ ပဒေသာကပွဲလို့တော့ သူတို့ပြော ထားပေမဲ့ တခြားမေဂျာတွေ ကိုးရီးယားသီချင်းတွေနဲ့ တက်ကတယ်၊ အင်္ဂလိပ်သီချင်းတွေ တက်ဆိုတယ်၊ အဲ့လိုမျိုးကျ ခွင့်ပေးပြီးတော့ ဒီသံချပ်ဆိုတာကိုကျတော့ မထိုးခိုင်းဘူး၊ ရန်ကုန်တက္ကသိုလ်နဲ့ဆိုင်တဲ့ အကြောင်းတွေပဲပေါ့၊ ကျောင်းထဲတို့ အထင်ကရနေရာတွေပေါ့၊ သစ်ပုပ်တို့၊ ဂျက်ဆင်တို့၊ ကံ့ကော်တန်းတို့ ဒါတွေကို စာစီတယ်၊ ပြီးတော့ ပညာရေးစနစ်ကို နည်းနည်းလေးပေါ့၊ ပါးပါးလေး သရော်တယ်"

ရန်ကုန်တက္ကသိုလ် သိပ္ပံဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ တီထွင်မှုနဲ့ တခြား သိပ္ပံပစ္စည်းများပြပွဲကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ကကနေ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဘဲ့ွလွန်ဘာသာရပ်တချို့ကိုသာ သင်ကြားခွင့်ပေးခဲ့ပြီး ဘွဲ့ကြိုတန်းတွေအတွက် ပညာ သင်ကြားခွင့် နှစ်ပေါင်းများစွာ ပိတ်ထားရာကနေ ဒီနှစ်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘွဲ့ကြိုကျောင်းသားတွေကို ပထမဆုံးအကြိမ် ပညာသင်ကြားခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။