ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက် အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
2012-08-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
bangladesh-flag-boat-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို ပစ်ခတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူထားသည့် စက်လှေတစ်စီးကို ဖမ်းဆီးရရှိထားစဉ်။
RFA

ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ မနက် ၂ နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ် ထွက်ပြေးတိမ်းရှောင် သွားကြတဲ့အတွက် အဲဒီစက်လှေကို ကုလားချောင်း ကျေးရွာသားတွေက ဒီကနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက် အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီ ဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ် ၁ အုပ်၊ စက်လှေလိုင်စင်လို့ ယူဆရတဲ့ စာအိတ် ၁ အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

စည်သူ

နေရပ်- တောင်ကြီး

2015 ခုနှစ်မှားနေတယ် 2015 ခုနှစ်ဖြစ်နေပါသည်

Aug 19, 2012 01:16 PM

အမည်မဖော်လိုသူ

Myanmar Government must tell Bangladish Government must take responsible for that matter, because that people is come from Bangladish and try to attack to our country. That is fully responsible from border security from both countries.

Aug 16, 2012 12:32 AM

U Thant Zin

နေရပ်- Yangon

မြန်မာ - ဘင်ဂလာဒက်(ရှ်)နယ်စပ်မှာ မြန်မာ့ရေတပ် ကင်းလှည့်ရေယဉ်တွေရော၊ နယ်ခြားစောင့်တပ်တွေရော အလုံအလောက်ချထားသင့်ပါတယ်။ ဒီကောင်တွေကတော့ တစ်နည်းမဟုတ်တစ်နည်း ဒုက်ခပေးနေမှာပဲ။ နေရာတိုင်းမှာ သတိရှိဖို့လိုတယ်။ ခံရလိုက်မှ အဘား-အော်လို့မရဘူး။

Aug 15, 2012 11:14 PM