ပြုပြင်ပြောင်းလဲရေး အဆုံးသတ်အောင်ပွဲ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တာဝန်တွေကို အေးချမ်းစွ ာအာဏာလွဲှပြောင်းပေးမယ်ဆိုတာကို ကမ္ဘာသိအသိပေးထားပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံသမိုင်းမှာ တခါမှမရှိခဲ့ဘူးသေးတဲ့ အေးချမ်းစွာအာဏာ လွဲှပြောင်းရေးဖြစ်ကြောင်း ဒါဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အဆုံးသတ်အောင် ပွဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ ၄၅ မိနစ်ကြာတွေ့ဆုံဆွေးနွေးအပြီး ဝန်ကြီးဦးရဲထွဋ်က နှစ်ဖက်ဆွေးနွေးမှုတွေထဲက တချို့ကို သတင်း မီဒီယာတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတကြီးက သူ့ရဲ့မိန့်ခွန်းထဲမှာရော နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာရော နိုင်ငံတကာ ကို အာဆီယံအစည်းအဝေးမှာရောပြောခဲ့တယ်၊ ကျနော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်း က ရွေးကောက်ပွဲတစ်ခုကနေ အနိုင်ရလာနိုင်အစိုးရတစ်ခုက နောင်အနိုင်ရတဲ့အစိုးရတစ်ရပ် ကို ချောချောမွေ့မွေ့ အေးအေးချမ်းချမ်း လွှဲပေးတဲ့အစဉ်အလာလုံးဝမရှိဘူး၊ ဒါဟာကျနော်တို့ရဲ့ ပြုပြင်ပြောင်း လဲရေး အဆုံးသတ်အောင်ပွဲလည်းဖြစ်တယ်၊ နှစ်ယောက်စလုံးကလည်း ဒီအချက်ကိုသဘောတူတယ်၊ သမ္မတကြီးကလည်း ကတိပြုသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုအစဉ်အလာကောင်းမျိုး ကျနော်တို့နိုင်ငံအတွက်လိုတယ်၊ ဒီမိုကရေစီနုနယ်တဲ့အချိန်မှာ ဒီလိုအစဉ်အလာကောင်းမျိုးကို ကျနော်တို့ ဝိုင်းပြီးတော့ တည်ဆောက်ဖို့လိုတယ်၊ ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း အာမခံတယ်၊ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း အာမခံတယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီအစဉ်အလာမျိုးကို လုပ်ဖို့ဆိုပြီး သဘောတူထားတယ်"

တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတနဲ့အတူ ဝန်ကြီးဦးရဲထွဋ် တက်ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေ့လည် ၂ နာရီမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။