ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်သူ အဖွဲ့ချုပ်ရုံးကို လာရောက်တောင်းပန်


2016.02.08
yelwinmyint-620.jpg ပုဒ်မ ၅၉-စ ကို ဆိုင်းငံ့ရင် လုပ်ကြံမယ့်လို့ ဖေ့ဘုတ်မှာ ရေးတင်ခဲ့တဲ့ ရဲလွင်မြင့် ကို တွေ့ရစဉ်
Photo: Ye Lwin Myint Facebook

ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်လို့ ခြိမ်းခြောက်တဲ့ စာသားတွေရေး သားပြီး ဖေ့ဘွတ်စ်မှာတင်ခဲ့တဲ့ ရဲလွင်မြင့် ဆိုသူဟာ ဒီကနေ့ ညနေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို သွားရောက်ပြီး ပါတီတာဝန်ရှိသူတွေကို တောင်းပန်ခဲ့ပါတယ်။

ရဲလွင်မြင့်ဟာ သူရဲ့ မိခင်နဲ့အတူ လာရောက်တောင်းပန်တာဖြစ်ပါတယ်။ တောင်းပန်ရင် ခွင့်လွှတ်ရမှာပဲလို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

"သူပါတယ်၊ သူ့အမေပါတယ် နောင်ဒါကိုမလုပ်တော့ပါဘူးလို့ လာတောင်းပန်ပါတယ်၊ သူ့အမေကလည်းပြော ပါတယ် ဒီကလေးတွေကို ခွင့်လွှတ်ဖို့ပြောပါတယ်၊ ကျနော်တို့က တောင်းပန်တယ်၊ ဝန်ခံတယ်ဆိုရင် ခွင့်လွှတ်ရမြဲပဲလေ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ညက ဖေ့ဘွတ်စ်မှာ ရဲလွင်မြင့် (Ye Lwin Myint) အကောင့် နဲ့ "ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉-စ ကို ဆိုင်းငံ့လိုက်မယ် ဆိုရင် သေနတ်တစ်လက်နဲ့ လေ့ကျင့်ချိန် တစ်လသာ လိုအပ် ပြီး၊ အောင်မြင်အောင် လုပ်ကြံမယ့်အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုရေးသားချက်နဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး စီစဉ်နေတယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူပေးဖို့ တိုင်ကြားသူမရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။