ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၂ မှာရှိတဲ့ ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ အခြေခံလစာ ကျပ် ၅၀၀ တိုးပေးဖို့နဲ့ ရှားပါးစရိတ် ၃ သောင်းအထိ တိုးပေးဖို့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုနေ ကြပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတာနဲ့ပတ်သက်ပြီး ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်တဲ့ မကေခိုင်ဝင်းက အခုလိုပြောပါတယ်။
"အခြေခံလစာအတွက် ပုံမှန်ကိုမရှိတာပေါ့နော်၊ ၁၀၀၀ ရှိတယ်၊ ၁၃၀၀ ရှိတယ်၊ ၁၁၀၀ ရှိတယ်၊ သမီးတို့ ကသူတို့ကို မေးကြည့်တယ်၊ သမီးတို့ကိုအခြေခံလစာ ဘယ်လောက်ပေးထားတာလဲဆိုတော့ သူတို့က သမီးလုပ်ခကတော့ ၁၀၀၀ လို့တော့ပြောတာပဲ၊ ၁၀၀၀ ဆိုပေမယ့်အဲ့ဒီ ၁၀၀၀ ထဲမှာအကုန် ပါတယ်၊ ကားခတို့ ဘာတို့ညာတို့ အစုံပေါ့နော်၊ အဲ့လိုထည့်ပေးထားတယ်၊ အလုပ်သမားတွေက သူတို့ဆီက လစာကိုလည်း သိသင့်တယ်၊ ပြီးတော့ ဖြတ်တောက်ကြေးတွေကလည်း အရမ်းများတာပဲ၊ တစ်ရက်ပျက်ရင်လည်း ၁၀၀၀၀ ကျော်လောက်ဖြတ်တယ်၊ ကိုယ်တွေအလုပ်သမားတွေကို ပြန်ပေးတဲ့ အခါကျတော့ အဲ့ဒီ ၁၀၀၀၀ ကျော်လောက်ပေးတာမဟုတ်ဘူး၊ တောင်းတဲ့အချက်ကတော့ အခြေခံလစာတိုးပေးဖို့၊ ရှားပါးစရိတ် ၃၀၀၀၀ တောင်းဆိုတာ၊ သူတို့က အဲ့ဒါကိုမလိုက်လျောဘူး"
ဆန္ဒပြအလုပ်သမားတွေက ရှားပါးစရိတ် ကျပ် ၇၀၀၀ ကျော် လက်ရှိရရှိနေတာကို ကျပ် ၃ သောင်းအထိ တိုးပေးဖို့၊ အခြေခံလစာ ကျပ် ၅၀၀ တိုးပေးဖို့၊ တနင်္ဂနွေနေ့လုပ်ခအတွက် ကျပ် ၄၀၀၀ ပေးဖို့ တောင်းဆိုနေကြတာဖြစ် ပါတယ်။
ယီမင်ဖိနပ်စက်ရုံအလုပ်သမားတွေက ပျမ်းမျှလစာ တစ်လကျပ် ၆ သောင်းနီးပါးကနေ ၈ သောင်းလောက်အထိ ရကြတယ်လို့သိရပါတယ်။
