လူငယ် လုပ်ငန်းများအတွက် မန္တလေးနှင့် စစ်ကိုင်းတိုင်းမှာ ဆွေးနွေး

2011-04-05

လူငယ်လုပ်ငန်းတွေ ပိုပြီး ဆောင်ရွက်နိုင်ဖို့ NLD ပါတီရုံးချုပ်က လူငယ်တွေနဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ပါတီ စည်းရုံးရေး ကော်မတီဝင်တွေက လူငယ်အဖွဲ့ဝင်တွေ ဧပြီ ၄ ရက် မနေ့က ညှိနိုင်း ဆွေးနွေးတယ်လို့ စုံစမ်း သိရှိရပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ရန်ကုန်က လာရောက်တဲ့ လူငယ်အဖွဲ့ဝင်တွေ ဟာ နှစ်ဖွဲ့ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။

“မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့တွေ ပြန်ဖော်ဖို့အတွက် မှာကြားချက်ပေါ့။ အဲဒီအလုပ်ကို တိုင်းအကူအညီပေးရေး အဖွဲ့တွေရော ပူးပေါင်းပြီး ဆောင်ရွက်ဖို့၊ နောက် မြို့နယ် စည်းရုံးရေး အဖွဲ့တွေမှာ ညှိနှိုင်း ဆောင်ရွက်ဖို့ ဆိုပြီး အဲဒီ မှာကြားချက်ကို သူတို့ လူငယ်တွေက ရှင်းပြတာပေါ့နော်။ နောက်တခုက လူငယ်ကွန်ရက်ဆိုတာက ရှိတယ်ပေါ့။ အဲဒါ ကိုတိုးကျော်လှိုင်တို့ တာဝန်ယူပြီး လုပ်ထားတဲ့အဖွဲ့ပေါ့။ သူတို့ကတော့ NLD မဟုတ်တဲ့ဟာတွေရော၊ NLD အဖွဲ့တွေရောပေါ့နော်၊ အားလုံး သူတို့ ပြန်ပြီးတော့ ကွန်ရက်သဘော ဆန်တဲ့အလုပ်တွေ၊ နောက်တခုက လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နောက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ ဟာလေးတွေ သူတို့ အစီအစဉ်လေးတွေ လာပြောတာပါ။”

လာရောက် ဆွေးနွေးတဲ့ အဖွဲ့မှာ ဗဟို လူငယ်ဖော်ဆောင်ရေးက ကိုမြင့်ဌေး ဦးဆောင်တာ ဖြစ်ပြီး လူငယ်ကွန်ရက် ဖွဲ့စည်းရေးအတွက် ကိုတိုးကျော်လှိုင်က ဦးဆောင်လာတာ ဖြစ်ပါတယ်။ လူငယ် ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ဆုံဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ခုလိုဆောင်ရွက်တာဖြစ်ပါတယ်။

ရန်ကုန်က သွားရောက်တဲ့ အဖွဲ့ဝင်တွေဟာ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ လူငယ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း စည်းအဖွဲ့ဝင်တွေနဲ့လည်း စစ်ကိုင်းမှာ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်

မဲထည့်ခွင့်ရှိသူ ၄၀၀၀ ခန့် စာရင်းပျောက်နေ

တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒေါ်စု ဟောမယ့် တနင်္ဂနွေ စစ်ကိုင်းဝန်ထမ်းတွေ ရုံးတက်ရမည်

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်

ဘာသာပေါင်းစုံ ဆုတောင်းပွဲ

အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ နှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည်

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်