ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘဲ ဥပဒေကို ကျူးလွန်ထားတဲ့အတွက် အရေးယူသူများသာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဟာသသရုပ်ဆောင် ကိုဇာဂနာက အခုလို ပြောဆိုတာပါ။ ဒါ့အပြင် လူရွှင်တော် ကိုဇာဂနာ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အခုအချိန်မှာ အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဝင်မှာမဟုတ်ကြောင်း လွှတ်တော်ပြင်ပမှာပဲ နိုင်ငံရေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။ ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အာရ်အက်ဖ်အေက မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
0:00 / 0:00
