
“ပြည်ထဲရေး ဝန်ကြီးဆီလည်း တင်တယ်၊ ဦးမောင်ဦးပေါ့ အခုတော့။ ဝန်ကြီးဌာနလည်း တင်တယ်၊ ကျွန်မတို့ ညွှန်ချုပ်ရုံးလည်း တင်တယ်၊ မြစ်ကြီးနားထောင်ကို ထောင်ပိုင်ကြီးဆီလည်း ကျွန်မတို့ ပို့လိုက်တယ်။”
ကိုဇာဂနာအတွက် ထောင်ဝင်စာတွေ့ခွင့်ကို ဇနီးနဲ့ သားသမီးတွေက လွဲလို့ ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ကြောင်း မြစ်ကြီးနားထောင် အာဏာပိုင်တွေက အခုလဆန်းပိုင်းအတွင်း အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ကိုဇာဂနာရဲ့ ဇနီးနဲ့ သားသမီးတွေဟာ လောလောဆယ် အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတာကြောင့် သူ့ကို ထောင်ဝင်စာ သွားတွေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ မငြိမ်းက ပြောပါတယ်။
အခုလို ပြည်ပမှာ နေထိုင်တဲ့ ဇနီးနဲ့ သားသမီးတွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးဖို့ စစ်အစိုးရက အမိန့်ထုတ်ပြန်လိုက်တာဟာ မတရားတဲ့အပြင် တည်ဆဲ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း မိသားစုနဲ့ လေ့လာသူတွေက ပြောဆိုပါတယ်။
ဒီအကြောင်းကို RFA မှ ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
