ဇာဂနာနဲ့အဖွဲ့ စင်္ကာပူမှာ အငြိမ့်ကမည်

ဟာသသရုပ်ဆောင် ကိုဇာဂနာ ဦးစီးတဲ့ မြပုဏ္ဏမာအငြိမ့်က အခုလာမယ့် ဧပြီ ၂၉ ရက် တနင်္ဂနွေနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့သြင်္ကန် အငြိမ့်ပွဲတော်အတွက် သွားရောက်ဖျော်ဖြေမယ်လို့ သတင်းရရှိပါတယ်။

မြပုဏ္ဏမာအငြိမ့်မှာ ပင်တိုင်ပါဝင်ကြတဲ့ လူရွှင်တော်တွေနဲ့အတူ တခြားဝါရင့် လူရွှင်တော်တွေလည်း ပါဝင်ကပြကြမယ်လို့ ကိုဇာဂနာက RFAကို ပြောပါတယ်။

ကိုဇာဂနာတို့ရဲ့ မြန်မာ့သြင်္ကန် အငြိမ့်ပွဲကို စင်္ကာပူနိုင်ငံ Kallang ကာလန်း ပြဇာတ်ရုံမှာ ကပြမှာဖြစ်ပြီး သြင်္ကန်သံချပ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်းကိုတော့ မြန်မာပြည် ဟိန်းရာဇာအဖွဲ့က တီးမှုတ်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပကို သွားရောက်ပြီး အငြိမ့်ကပြ ဖျော်ဖြေတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။