ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်

ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
2011-10-24
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
zarganar_film_poster_305_z.png
ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)
U.S. Premiere organizers

ကိုဇာဂနာနဲ့ အတူ ကိုဂေါ်ဇီလာ၊ ကိုစိန်သီး စတဲ့လူရွှင်တော်တွေ၊ နိုင်ငံရေး၊ လူမူရေးလှုပ်ရှားသူ ကိုမျိုးရန်နောင်သိမ်း၊ ပဲခူး က ကိုကျော်ဝင်းတို့လည်း အတူ လိုက်ပါလာပါတယ်။ ပြည်မြို့က ဒေသခံ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ မျက်မောက် မြန်မာ့နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ဖလှယ်ကြတဲ့ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့ရာမှာ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့အတွက် ရည်စူးပြီး ညနေ ၇ နာရီလောက်မှာ ဧရာဝတီမြစ် အတွင်း ဆီမီးမျောပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ကိုဇာဂနာရဲ့လှုပ်ရှားမှုတွေနဲ့ အနောက်ကပါတဲ့ လူငယ်တွေရဲ့စိတ်ဓါတ်တွေကိုအရမ်းနှစ်သက်ပါတယ်၊ လူမှုရေးတွေကိုလည်းဒီထက်ပိုလုပ်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်၊

Oct 25, 2011 06:04 AM