ကျန်နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ရင် ပိတ်ဆို့မှု ရုပ်မှာမဟုတ်

2012-02-09

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မချင်း အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က ပြောကြားလိုက်ပါတယ်။

Photo credit: State Department

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ တွေ့ဆုံစဉ်။

အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာ၊ NLDပါတီက ဒေါ်ခင်သန်းမြင့်နဲ့ NDFပါတီက ကချင်လူ့အခွင့်အရေး ဆောင်ရွက်နေသူ ဒေါ်ဘောက်ဂျာတို့ဟာ ဖေဖော်ဝါရီ ၈ ရက်က Mrs. Clinton နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့စဉ် ခုလို ပြောလိုက်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ် အကြွေးမချန်ပဲ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတွက် အမေရိကန်အနေနဲ့ ဘယ်လို ကြားဝင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ကိစ္စ၊ အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ဘယ်လိုအကူညီ ပေးနိုင်မလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကိုဇာဂနာတို့ သုံးဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပြင် အာရှပိစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကိုဇာဂနာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ

မြန်မာပြည်သူတွေ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ချိန် တန်ပြီလို့ UMFCCI ဥက္ကဋ္ဌ ပြော

မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်

မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး

ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်

ဦးတေဇရဲ့သားအကြီးနာမည် ဥရောပပိတ်ဆို့စာရင်းထဲက ပယ်ဖျက်

ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား

မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော