ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင်

2011-07-29

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား ကိုဇာဂနာ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို နယူးဇီလန်နိုင်ငံက မြို့ ကြီးတွေမှာ လိုက်လံ ပြသနေရာမှာ စိတ်ဝင်စားသူ များပြားပြီး အောင်မြင်မှု ရနေတယ်လို့  နယူးဇီလန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

U.S. Premiere organizers

ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)

အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာရဲ့ အကြောင်း ရိုက်ကူးထားတဲ့ "This Prison Where I live" "ကျနော်နေတဲ့ ဒီအကျဉ်းထောင်" ရုပ်ရှင်ကို နယူးဇီလန်က မြို့ကြီးတွေမှာ တစ်လကို တစ်မြို့ လိုက်လံ ပြသနေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က Wellington မြို့ က Wellington တက္ကသိုလ်မှာ ပြသခဲ့ပါတယ်။ ရုပ်ရှင်ပြပွဲနဲ့အတူ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ် တွေလည်း စုဆောင်းခဲ့ပါတယ်။

အဲဒီ မှတ်တမ်း ရုပ်ရှင်ပွဲကို နယူးဇီလန်နိုင်ငံသား ၄၅၀ ကျော် တက်ရောက် ခဲ့ပြီး ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ်တွေ စုဆောင်း ကောက်ယူ ခဲ့ရာမှာ လက်မှတ် စုစုပေါင်း ၂၀၀ ကျော်ရရှိခဲ့တယ်လို မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့  နယူးဇီလန် ရဲ့ ပြောခွင့်ရသူ ဦးနိုင်ကိုကို က ပြောပါတယ်။

နယူးဇီလန် အစိုးရ ရုပ်မြင်သံကြား သတင်းဌာနကလည်း အဲဒီပွဲအကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်လွှင့် ပြသခဲ့ပါတယ်။ နောက်လမှာတော့ နယူးဇီလန်က နောက်ထပ် မြို့ကြီးတစ်မြို့ ဖြစ်တဲ့ အိုတားဂိုးမြို့ မှာ ပြသမယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်