မန္တလေးအစိုးရအဖွဲ့ တာဝန်လွဲှပြောင်းရေး အဆင်မပြေ


2016.03.31
zawmyintmaung-620.jpeg မန္တလေးတိုင်းဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က တာဝန်လွဲှပြောင်းပေးဖို့ ရှိရာမှာ ဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင်ကို တာဝန်လွဲှပြောင်းပေးတာ မလုပ်ခဲ့ဘူး လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တိုင်းလွှတ်တော်မှာ ကတိသစ္စာပြုပြီးမှာ ဝန်ကြီးချုပ်ဒေါက် တာ ဇော်မြင့်မောင် က ပြောတာဖြစ်ပါတယ်။

"မနက်ဒီ မှာ ၉ နာရီ ကျနော်လာထိုင်တယ်၊ အလုပ်ရှိတယ်၊ အဲ့ဒီအချိန်မှာ ဘယ်လိုလဲ အလွှဲအပြောင်း ရှိတယ်ဆိုတာ ဝန်ကြီးချုပ်မရှိဘူးတဲ့၊ လာမှမဟုတ်ဘူး၊ အလွှဲအပြောင်းမရှိဘူးလို့ ပြောတာ တိုင်းဒေသ ကြီးအဖွဲ့ဝင် အတွင်းရေးမှူး၊ အဲ့ဒါနဲ့ကျနော်တို့ငြိမ်နေတယ်၊ ပြီးတော့ သတင်းဘာထွက်လာသလဲဆိုတော့ ကျနော်တို့ မလာဘူးဆိုတာကိုပြောတယ်၊ အဲ့ဒါမှားတယ်၊ ကျနော်တို့ထိုင်စောင့်နေတယ်၊ အလွှဲအပြောင်း ရှိတယ်ဆိုပြီး ကျနော့်ဆီကို တရားဝင်စာပို့ရင်ပို့ မပို့ရင် ကျနော့်ကို ဖုန်းဆက်ပြီး ပြောလို့ရှိရင်ရတယ်၊ ကျနော်ဒီမှာရှိနေတာ၊ ဒါပေမဲ့ မပြောဘူး၊ အဲ့ဒါကြောင့် အလွှဲအပြောင်းပြီးတဲ့အခါ မနေ့က မနက်ပိုင်းကို လာတယ်၊ ကျနော်တို့ အစည်းအဝေးပြီးတဲ့အချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် လွှဲပြောင်းပြီးသွားပါပြီတဲ့ လာပြီးပြောတယ်၊ အဲ့တော့ ကျနော်သွားပြီးတော့ ရုံးထိုင်တယ်"

မနေ့က ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတာ မရှိတဲ့အတွက် တာဝန်လွဲှပြောင်းရေး အခမ်းအနား မရှိဘူးလို့ အစိုးရအဖွဲ့အတွင်းရေးမှူး က ပြောတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ကတိသစ္စာပြုရာမှာ သူ့အစိုးရအဖွဲ့ကို လွှတ်တော်ကလည်း ထိန်းကျောင်းပေး ဖို့ ပြောခဲ့ပါတယ်။

အလားတူ ရန်ကုန်၊ မန္တလေး၊ ကချင် နဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ ကတိသစ္စာပြုခဲ့ကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီးအမည်စာရင်းတွေကို မကြာမီရက်ပိုင်းအတွင်း သက်ဆိုင်ရာလွှတ်တော်တွေမှာ တင်ပြကြရမှာပါ။

မနေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အတည်ပြုပြီးဖြစ်တဲ့ ဦးညီပုဟာ မနက် ဖြန်ကျင်းပမယ့် လွှတ်တော်မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။