ဇေယျာသော် သီချင်းဆိုခွင့်ပိတ်

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးပါဝင် ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် စင်တင်ဂီတ ဖျော်ဖြေပွဲ တခုကို အခုလာမယ့် စနေနေ့မှာ ကျင်းပဖို့ ရှိပါတယ်။

အဲဒီ ဂီတပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပဖို့ရှိပြီး အခြား နာမည်ကြီး အဆိုတော်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ Hip-Hop အဆိုတော် ကိုဇေယျာသော်ကလည်း သွားရောက် ဖျော်ဖြေဖို့ အစပိုင်းမှာ စီစဉ်ထားပေမယ့် ပွဲစီစဉ်သူတွေကို မင်္ဂလာတောင်ညွန့် ရဲစခန်းက သြဂုတ်လ ၃ရက် ဒီကနေ့မှာပဲ ဆင့်ခေါ်ပြီး ကိုဇေယျာသော်ကို သီဆိုခွင့် မပေးနိုင်ဘူးလို့ တားမြစ်လိုက် ပါတယ်။

ကိုဇေယျာသော်ကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00