ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံ ကိုယ်တွေ့ ကြုံခဲ့သူ ကျောင်းသားဟောင်းများရဲ့ ပြောပြချက်

2011-07-07

၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။

RFA

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ဒဂုံတာရာ ရဲ့ ဇူလိုင် ၇ ရက် ကိုယ်တွေ့

အသက် ၉၃ နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုံတာရာဟာ ၁၉၃၈ ခုနှစ် ၀န်းကျင်က ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့နဲ့ အတူ ကျောင်းသား သမဂ္ဂ ထိပ်ပိုင်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီး ဒဂုံတာရာဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး အချိန်ပိုင်း အတွင်းမှာဘဲ ရုပ်ရှင် သရုပ်ဆောင် ကောလိပ်ဂျင် နေ၀င်းနဲ့ အတူ အင်းယားလမ်းက တဆင့် တက္ကသိုလ် ကျောင်းဝင်း အတွင်း ကားတစီးနဲ့ ရောက်ရှိသွားခဲ့ပုံ၊ ကျောင်းသား ၁၀၀ ကျော်လောက် သတ်ဖြတ်ခံခဲ့ရတဲ့ အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းနဲ့ ဆုံတွေ့ခဲ့ရာမှာ တယောက်နဲ့ တယောက် စကားမပြောနိုင်တဲ့ အထိ စိတ်ထိခိုက်ခဲ့ရပုံ၊ နောက်တနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ယမ်းငွေ့တွေ သန်းနေဆဲ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ၀မ်းနည်းစွာ မြင်တွေ့ခဲ့ရပုံ၊ သမဂ္ဂ အဆောက်အဦကြီး အတွင်း ချိတ်ဆွဲထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားချပ်တွေနဲ့ ပတ်သက်လို့ နှမြောတသ ဖြစ်ရပုံတွေကို ပြန်ပြောင်း ပြောပြထားပါတယ်။

စာရေးဆရာကြီး ဒဂုံတာရာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒဂုံတာရာ
အသံဖိုင်ယူရန်


စာရေးဆရာမောင်ဝံသ ရဲ့ ဇူလိုင် ၇ ရက် ကိုယ်တွေ့

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ 7 July ကျောင်းသားအရေးတော်ပုံက အဖြစ်အပျက်တွေကို အခု နှစ် ၅၀ တိုင်လာခဲ့တဲ့ အချိန်အထိ မမေ့နိုင်စရာပါလို့ ဆရာမောင်ဝံသက ဆိုပါတယ်။ အဲဒီ အချိန်က ဥပစာ ၀ိဇ္ဇာ ( ခ ) ဒုတိယနှစ် ကျောင်းသား ဖြစ်သူ ဆရာမောင်ဝံသဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး နေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီက အာဏာသိမ်းတာကို ကျောင်းသား သမဂ္ဂတွေက ဆန့်ကျင် ကန့်ကွက်ရာ ကနေ ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရက ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ် လာတာကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ကျောင်းသားတွေ ကျောင်းသား သမဂ္ဂ အဆောက်အဦမှာ စုဝေးပြီး ဆန္ဒပြကြဖို့ စည်းဝေးဆုံးဖြတ်ခဲ့ပုံ၊ သတ်မှတ်ခဲ့တဲ့ အတိုင်း ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားတွေ ဆန္ဒပြကြပုံ၊ စစ်တပ်က အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့နေ့က အဖြစ်အပျက်တွေနဲ့ နောက်တနေ့ နံနက် ကျောင်းသား သမဂ္ဂ အဆောက်အဦကြီး ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ အချိန်တွေက ဆရာမောင်ဝံသရဲ့ ခံစားချက်တွေကို ဒေါ်ခင်ခင်အိ က မေးမြန်း တင်ပြထားပါတယ်။

မောင်ဝံသ
အသံဖိုင်ယူရန်


မောင်ဝံသ နဲ့ ဇူလိုင် (၇) ရက် နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှု

ဇူလိုင် (၇) ရက် အရေးအခင်း နောက်ပိုင်း ကျောင်းပြန်ဖွင့်ချိန်က ကျောင်းသား သမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်နိုင်ရေး အတွက် ကျောင်းသားတွေရဲ့ ကြိုးပမ်း လှုပ်ရှားမှုတွေ အကြောင်း တင်ပြထားပါတယ်။

မောင်ဝံသ (၂)
အသံဖိုင်ယူရန်


ဦးဖုန်းကျော်နဲ့ ဦးသာဘန်း အတွေ့အကြုံ

ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖေါက်ခွဲ ဖျက်ဆီးခဲ့တဲ့ 7 July အရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့ မရအောင် စွန်းထင်း ကျန်ရစ်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို အဲဒီအချိန်က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဦးဖုန်းကျော်နဲ့ ဦးသာဘန်းတို့ကို ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

ဦးဖုန်းကျော်နဲ့ ဦးသာဘန်း
အသံဖိုင်ယူရန်။


သတင်းစာဆရာ ဦးစိန်လှဦး အတွေ့အကြုံ

အစိုးရ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ခဲ့ပုံ၊ နောက်တနေ့ ဇူလိုင် ၈ ရက် မနက် လင်းအားကြီးမှာ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့ပုံတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာ ဦးစိန်လှဦးရဲ့ အတွေ့အကြုံတွေ ကိုလည်း ဒေါ်ခင်ခင်အိက မေးမြန်း တင်ဆက်ထားပါတယ်။

သတင်းစာဆရာ ဦးစိန်လှဦး
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ်ကျင်းပ

ကျောင်းပြန်တက်ခွင့်ရရေး ဥပဒေ နည်းလမ်းနဲ့လုပ်ဖို့ အကြံပြု

ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ

အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်

ကျောင်းသားတပ်မတော် ၂၃ နှစ်ပြည့် အခမ်းအနား ဖို့ဝိန်းမှာ ကျင်းပ

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ

ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကျန်းမာရေးအခြေအနေ ဆိုးရွား