ကျန်းမာရေးနဲ့ လူ့အခွင့်အရေး

မြန်မာနိုင်ငံ အရှေ့ဖက်နဲ့ တောင်ဖက်ဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပါတယ်။

မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အဆိုးဝါးဆုံး အခြေအနေကို ရောက်နေကြောင်း ကျန်းမာရေးနဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းချက်တွေကို တင်ပြထားပါတယ်။