သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-31
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းထောင်မှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့ တရားရင်ဆိုင်ဆဲ နိုင်ငံရေး လှုပ်ရှားသူ အယောက် ၁၃၀ လောက်ပြန်လွတ် လာတယ်လို့ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
2013-12-31
ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကို ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR၊ ဗြိတိန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က ကြိုဆို လိုက်ကြပါတယ်။
2013-12-31
မလေးရှားနိင်ငံ ပီနန်မြို့အနီး ကမ်ပုန်ဆီတောကျေးရွာ ရထားလမ်းဘေးမှာ မြန်မာအမျိုးသမီး နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိရကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာမှာ ဒီနေ့ ဖေါ်ပြထားပါတယ်။
2013-12-31
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့ အကျဉ်းသား ငါးဦးပါဝင်တယ်လို့ သိရပါတယ်။
2013-12-31
တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရာမှာ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပါမောက္ခတွေနဲ့သာ အဓိက ဦးဆောင်ဖွဲ့စည်း ဖို့ ရေးဆွဲ ထားတဲ့ ပညာရေး ဥပဒေ မူကြမ်းကို တက္ကသိုလ် ဆရာများ အသင်းနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပါတယ်။
2013-12-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုချက်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက်လည်း ပါရှိတယ်လို့ သိရပါတယ်။
2013-12-31
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ ကြိုဆိုလိုက်ကြပါတယ်။
2013-12-31
ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခမ်းမမှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-31
ကယားပြည်နယ် ဖရူဆိုမြို့နယ် အမှတ် (၁၄) တန်းမြင့်စစ်သင်တန်းကျောင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်နေရာမှာ ရွာသူရွာသားတွေ အထိတ်တလန့်ဖြစ်ရတဲ့အတွက် ဒီကျောင်းကို ရပ်ရွာနဲ့ ဝေးတဲ့ဆီကို ပြောင်းရွှေ့ပေးဖို့ ဒေသခံတွေက ပြောကြပါတယ်။ RFA သတင်းထောက် ကိုနေသွေးက သတင်းပေးပို့ထားပါတယ်။
2013-12-31
မြန်မာနိုင်ငံမှာ ၂ဝ၁၃ ခုနှစ်အတွင်း သတင်းမီဒီယာ ဥပဒေတခု ပြဋ္ဌာန်းနိုင်ဖို့ ဆွေးနွေးချက်တွေနဲ့ ကြိုးပမ်းချက်တွေအပြင် သတင်းမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ထိရခဲ့သလဲဆိုတဲ့ အခြေအနေတွေကို RFA ဝိုင်းတော်သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2013-12-30
လာမယ့် ၂ဝ၁၄ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပြီး ဇန်နဝါရီလထဲမှာ အာဆီယံခေါင်းဆောင်တွေ ပုဂံမှာတွေ့ဆုံပြီး ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးကြ တော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ... "အာဆီယံလူထုဖိုရမ်" ဆိုပြီး ပြင်ဆင်မှုတွေ ရှိနေသလို ဒီ အာဆီယံ လူထုဖိုရမ်မှာ ဆွေးနွေးနိုင်ဖို့အတွက် မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက "မြန်မာပြည်သူ့ဖိုရမ်" ကို ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး ပြုလုပ်နေပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-12-30
မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းနဲ့ ဦးခင်ရီတို့ဟာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-30
ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာမှာ ပြည်တွင်းပြည်ပက မွန်လူငယ် တသောင်းနီးပါး တက်ရောက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-30
မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
2013-12-30
လာမယ့် ဇန်နဝါရီလ (၁) ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားနဲ့ အလုံမြို့နယ်တွေမှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို လူအင်အား သောင်းဂဏန်းအထိ တက်ရောက် မယ်လို့ နှစ်သစ်ကူးပွဲ စီစဉ်သူတွေက ပြောပါတယ်။