မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို အမေး အဖြေကဏ္ဍအဖြစ် နားဆင်ကြရမယ့် “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို နှစ်ပတ်တကြိမ် ကြာသပတေးနေ့ မနက်တိုင်း အသစ်တင်ဆက်မှာဖြစ်ပြီး စနေနေ့ ညပိုင်းမှာ ပြန်လည်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်အစိုးရကမြို့နယ် ၂ ခုမှာရှိတဲ့ မွတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာဖြစ်တဲ့အတွက် ပြောစရာရှိတာကို အမှန်အတိုင်းပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမျိုးသမီးများ သားဆက်ခြားမှုအပေါ် သဘောထားကို မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ တာဝန်ယူတာ ၃ နှစ်ရှိပြီဖြစ်တဲ့အတွက် ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါ သက်သေပြဖို့ အချိန်သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်က လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီက အမတ်နေရာအများစုနိုင်ခြေရှိပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ့်သဘောရှိတယ်လို့ ပြောကြားခဲ့တာဟာ အဲဒီပုဂ္ဂိုလ်ရဲ့သဘောထားအမြင်မျှသာဖြစ်ပါတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မိမိနဲ့တိုင်ပင်ရာမှာ ထောက်ခံပြောဆိုခဲ့ကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စအတွက် တိုင်ပင်ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဝေဖန်ရေးသမားနဲ့ ဆန့်ကျင်ရေးသမား၊ သစ္စာစောင့်သိမှုရဲ့ အရေးပါမှုစတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့ တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အနေ နဲ့ ဒေသတခုအတွက် သာမကပဲ တိုင်းပြည်တခုလုံးအတွက် အကောင်းဆုံး အဖြေကို ရှာခဲ့တာဖြစ်ကြောင်း၊ ကော်မရှင်မှာပါတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေကလည်း ညီညီညွှတ်ညွှတ် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းနဲ့ အစီရင်ခံစာအပေါ် မနှစ်သက်သူတွေ ရှိနိုင်ပုံကိုလည်း ရှေးမဆွကပင် မိမိမျှော်လင့်ခဲ့ကြောင်း စုံစမ်းရေးကော်မရှင် ဥက္ကဌ တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ခုနှစ်တွေမှာ ချမှတ်ခဲ့ရတဲ့ဆုံးဖြတ်ချက် ၂ ခုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အခက်အခဲဆုံး ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ညှိနိုင်းတိုင်ပင်ဆောင်ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ထပ်မံပြောကြား လိုက်ပါတယ်။
တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွတ်တော်နာယက ဦးခင်အောင်မြင့်က တိုက်တွန်းပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေကြားချက်တွေ တိုးတက်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဖေဖေါ်ဝါရီ ၂ဝ ရက်
အသံဖိုင်ယူရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအနေနဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပံ့ပိုးမယ့်ကိစ္စမှာ တကယ်ထိရောက်တဲ့ အကူအညီတွေရရှိအောင် မိမိတို့ဖက်ကလည်း စနစ်တကျ တင်ပြနိုင်ဖို့လိုကြောင်းနဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးလိုအပ်ချက်ကတော့ ပြည်သူတွေ အလုပ်အကိုင်ရရှိဖို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ သိပ်ပြီးမြန်ဆန်မယ်လို့ မမြင်ကြောင်း၊ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ ဒီပြသနာကို သူပါဝင်ဖြေရှင်းလိုပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းတွေက တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းမှုရှိမှသာ ပါဝင်ဖို့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရခဲ့တာ ၆၅ နှစ်ပြည့်တဲ့ ကာလမှာ ပြည်သူတဦးချင်း တာဝန်သိကြဖို့နဲ့ မိမိရဲ့ အကျိုးစီးပွား တခုတည်းကို မကြည့်ပဲ မွန်မြတ်တဲ့စိတ်စေတနာတွေ မွေးမြူကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ် ပြဿနာကို ဖြေရှင်းရာမှာ မှားယွင်းမှုတွေရှိနေပြီလို့ မိမိယူဆကြောင်း၊ ဒီပြဿနာကို မိမိပါဝင်ကူညီဖြေရှင်းလိုကြောင်း ကာလကြာမြင့်စွာကတည်းက ပြောဆိုခဲ့ပေမယ့်လည်း အစိုးရက အခုအချိန်ထိ ကမ်းလှမ်းဖိတ်ခေါ်မှု တစုံတရာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
တဆက်တည်းမှာပဲ သမိုင်းဝင်အမွေအနှစ်တွေ ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ရှေးဟောင်း အဆောက်အဦးတွေနဲ့ သမိုင်းဝင်ဒေသတွေကို ရေတိုကြည့်ပြီး ဌားရမ်းရောင်းချတာမျိုးမလုပ်ပဲ ဆင်ခြင်တုံ တရားနဲ့ အမျှော်အမြင်ရှိရှိ လုပ်ကိုင်ဆောင်ရွက်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်တောင် ဒဏ်ရာရ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ဆေးကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ လာမယ့် ၂ဝ၁၃ ခုနှစ်အတွင်း မြန်မာလူထုရဲ့ ဘဝ တိုးတက်မှုတွေ ထင်သာမြင်သာ ရှိလာအောင် ကြိုးပမ်းမှာဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် အရေးအခင်းမှာ သံဃာတွေ မီးလောင်ဒဏ်ရာရခဲ့ပုံကို မိမိတို့စုံစမ်းစစ်ဆေးပြီး တင်ပြမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီနည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့နဲ့ ဝန်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးစားပြုမှုတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်
အသံဖိုင်ယူရန်။
ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မစ္စတာ အိုဘားမား အခုလိုပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီမယ်လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် က လက်ရှိမြန်မာပြည်ဆိုင်ရာ သတင်းတွေကိုဖေါ်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေအနေနဲ့ အစိုးရရဲ့လှုပ်ရှားမှုသတင်းတွေကို အမှန်ပကတိ အရှိအတိုင်းဖေါ်ပြဖို့လိုကြောင်း ပြောဆိုခဲ့တဲ့အပြင် အာဏာရှိသူတွေနဲ့ သတင်းထောက်တွေအကြား ဆက်ဆံရေးကိုလည်း သတိထားကြဖို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မုံရွာမြို့လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြနေကြတာနဲ့ပတ်သက်ပြီး ဒါဟာ လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပေါ်ပေါက်ရတာဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၄ ရက်
အသံဖိုင်ယူရန်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အမေရိကန်ခရီးစဉ်အတွင်း သက်ဆိုင်သူတွေကို မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပျံ့ပျံ့ ရှင်းပြနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကိုလည်း အမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ မညိုးနွမ်းအောင်နေထိုင်ဖို့ တိုက်တွန်းခဲ့ကြောင်း စသဖြင့် RFA ကိုပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သူက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားနဲ့ တိုင်းရင်းသား ပြသနာတွေ ရှိနေဆဲဖြစ်ပေမယ့် တဖက်မှာလည်း တိုးတက်မှုတွေကို မြင်တွေ့နေရတာ အမှန်ပါပဲလို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်
အသံဖိုင်ယူရန်။
အမေရိကန် ပြည်ထောင်စုကို အနှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် လာရောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီအတွင်း လတ်တလော ပေါ်ပေါက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီမိုကရေစီစံနစ် လမ်းကြောင်းအတိုင်း သွားကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မတိုက်ဆိုင်တာဟာ ထူးဆန်းတဲ့ ပြဿနာမဟုတ်ကြောင်း၊ ဒါပေမယ့် မကျေမနပ်ဖြစ်မှုတွေကို ဖြေရှင်းရာမှာ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီရမှာ ဖြစ်သလို တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိဖို့လည်း အရေးကြီးကြောင်း ပြောဆိုလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးတွေကို အရေးယူဖို့အတွက် မြန်မာပြည်ရဲ့တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးခြင်း မရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ပြောကြားလိုက်ပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး မိမိတို့ပါတီ အနေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အားလုံးရဲ့ ရေရှည် အကျိုးစီးပွားကိုကြည့်ကာ မူတစ်ခု ချမှတ်ပြီး ရပ်တည် ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ အရေးတော်ပုံဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အင်မတန်မှ အရေးပါမယ့် ဖြစ်ရပ်ကြီး တစ်ခုပဲလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် သူက မိမိတို့အားလုံး စည်းလုံးညီညွတ်ဖို့ လိုပါသေးတယ်။ တကယ်လို့သာ ၈ လေးလုံး အရေးတော်ပုံကစပြီး လိုအပ်သလောက် ညီညွတ်ခဲ့ကြမယ်ဆိုရင် အခုကာလမှာ ဒီမိုကရေစီ ရေသောက်မြစ်ဟာ မြန်မာနိုင်ငံမှာ အင်မတန်မှ ခိုင်မာနေမှာ ဖြစ်တဲ့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း မိမိတို့ လက်ဆုပ်လက်ကိုင် ရပြီးသား ဖြစ်မှာပဲလို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ ဒေသအချို့မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီလို အာဇာနည် ခေါင်းဆောင်ကြီးတွေကို တန်ဖိုးမထားတဲ့ နိုင်ငံတခုမှာ အာဇာနည် စိတ်ဓာတ်ကို ပွားများအောင် ဘယ်လိုလုပ်မှာလဲလို့ မိမိအနေနဲ့ ခံစားမိကြောင်း RFA ကို ပြောဆို လိုက်ပါတယ်။
ဒါ့အပြင် သူက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွတ်တော်မှာ ပိတ်ဆို့မှု ဖယ်ရှားရေးအတွက် ဆောင်ရွက်ပေးနိုင်သူတွေက ဆောင်ရွက်ပေးဖို့ တောင်းဆိုတာကို မူအရ ကန့်ကွက်စရာ မရှိပေမယ့် အဆိုပြုချက်ထဲမှာ ပါဝင်တဲ့ တချို့အချက်တွေကို သဘောမတူဘူးလို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကို သက်ဆိုင်ရာက အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အင်မတန် ဝမ်းနည်းဖွယ် ရာ ဖြစ်ကြောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂ အဆောက်အဦးကို ကျောင်းသားတွေ ပြန်လည် တည်ဆောက်ခွင့် ရသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သူက ပြီးခဲ့တဲ့ ဥရောပ ခရီးစဉ်အတွင်း သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ကူညီနိုင်မယ့် နည်းလမ်းတွေကို အကျိုးရှိစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း စသဖြင့် RFA ကိုထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုမရှိသလို ထိုင်း ပြည်သူလူထုဟာ မြန်မာပြည်သူတွေထက် အဟာရ ပိုပြီးပြည့်ပြည့်ဝဝ စားသောက်နေထိုင်ကြရတာကို မြင်တွေ့ခဲ့ရတယ်လို့ RFA ကို ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစက်ရုံဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလစာငွေကို သတ်မှတ်ဖို့လိုကြောင်းအပြင် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံတွင်း ရောက်ရှိနေထိုင်သူမှန်သမျှ လုံခြုံမှုရှိဖို့နဲ့ လူနည်းစုကို လူများစုက အကြင်နာတရားနဲ့ ငဲ့ညှာမှုရှိဖို့လိုကြောင်း စသည်ဖြင့် ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ အင်္ဂါနေ့က သူတွေ့ဆုံခဲ့ရာမှာ သမ္မတလီက ပြည်သူတွေ ဒီမိုကရေစီရရှိရေးဟာ အင်မတန်အရေးကြီးကြောင်း၊ စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို အစားထိုးလို့မရကြောင်း ပြောကြားခဲ့တဲ့အတွက် အင်မတန်နှစ်သက်သဘောကျမိကြောင်း RFA ကိုပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့လာမယ့် ဇွန်လအတွင်း ဥရောပနိုင်ငံတွေကို သွားရောက်မယ့်ခရီးစဉ်ကနေ တိုင်းပြည်အတွက် အကျိုးရလဒ်များ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူတတ်မှုဟာ ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဥပဒေမှာပါတဲ့ စာသားတွေပြင်ဖို့ ဆောင်ရွက်စဉ်က လွတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရာမှာပါတဲ့ စကားတွေကို တခါတည်းပြင်ဖို့ မလုပ်ခဲ့မိတဲ့အတွက် မိမိမှာ တာဝန်ရှိကြောင်း ဝန်ခံပြောဆိုတာခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒ့ါအပြင် မြန်မာနိုင်ငံရဲ့တိုးတက် ပြောင်းလဲမှုတွေကြောင့် အများအပြား ရရှိလာနိုင်တဲ့ နိုင်ငံခြား အကူအညီတွေကို အကျင့်ပျက် ခြစားမှု မရှိနိုင်အောင် ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒီတပတ်မှာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အနိုင်ရတာထက် မြန်မာလူထုဟာ နိုင်ငံ့အရေးမှာ ကိုယ်တိုင်ပါဝင်မှဖြစ်မယ်။ ဒါဟာ လူတိုင်းရဲ့ကိစ္စဆိုတာ နားလည်သွားကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထူးကျေနပ် အားရမိပါတယ်တဲ့။ ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားသစ်နဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
ဒီတပတ်မှာ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ ပိုမိုများပြားလာတာကို ရွေးကောက်ပွဲကော်မရှင် အပါအ၀င် အစိုးရကပါ လက်မခံသင့်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်လို့ တရားဝင် စာထုတ်ပြန်တာ၊ သတိပေးတာတွေ ပြုလုပ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်ကို နားဆင်ရမှာပါ။ မြန်မာပြည်ကို ရောက်နေတဲ့ အာရ်အက်ဖ်အေ အဖွဲ့သား ဦးခင်မောင်စိုးကိုယ်တိုင် သွားရောက်တွေ့ဆုံမေးမြန်းပြီး တင်ဆက်ထားပါတယ်။
မတ်လ (၂၂) ရက်နေ့
အသံဖိုင်ယူရန်။
ဒီတပတ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းမူကြမ်းထဲက အချက်တချို့ကို အစိုးရကကြိုတင် ဖြတ်တောက်ခဲ့မှု အပါအဝင် မြန်မာ့နိုင်ငံရေး အခြေအနေတွေကို နားဆင်ရမှာ ဖြစ်ပါတယ် ။
မတ်လ (၁၃) ရက်နေ့
အသံဖိုင်ယူရန်။
ဒီတပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလော စည်းရုံးရေး ခရီးစဉ်တွေအပေါ် ပိတ်ပင်ကန့်သတ်မှု၊ အလုပ်သမားတွေ ထိုက်သင့်တဲ့ အလုပ်အကိုင်နဲ့ အခွင့်အရေးရရှိရေး ပြသနာနဲ့ အင်္ဂလိပ် ဝေါဟာရတွေကို ကြားညှပ်ပြီး ပြောဆိုရေးသားကြမှုရဲ့ အကျိုးဆက် စတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့
အသံဖိုင်ယူရန်။
ဒီတပတ်မှာ ပုသိမ် စည်းရုံးရေးခရီးစဉ် အတွေ့အကြုံတွေ၊ ၀န်ထမ်း လစာတိုးရေးဆိုင်ရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက် အပေါ် သဘောထားနဲ့ ပြသနာများကို ပယောဂ ကင်းကင်း ဆုံးဖြတ်နိုင်ရေးအတွက် ထားရှိအပ်တဲ့ အမြင် စတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့
အသံဖိုင်ယူရန်။
ဒီတပတ် အစီအစဉ်မှာ ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အခြေအနေ၊ ကချင်ဒုက္ခသည်တွေ အတွက် NLD ရဲ့ နောက်ဆုံးဆောင်ရွက်မှု နဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းရေး ဆိုင်ရာ သဘောထား စတဲ့ အချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဇန္နဝါရီလ ၂၅ ရက်နေ့
အသံဖိုင်ယူရန်။
ဒီတပတ် အစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အခြေအနေ၊ မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်ရဲ့ အရေးပါမှု စတဲ့အချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဇန္နဝါရီလ ၁၁ ရက်နေ့
အသံဖိုင်ယူရန်။
အခုတပတ်မှာ အတိတ်ကာလက လွတ်လပ်ရေးနေ့ အခမ်းအနားများ အကြောင်း၊ လွတ်လပ်ရေး စိတ်ဓါတ်အကြောင်း၊ အင်အယ်လ်ဒီ ပါတီ ပြန်လည်ဖွဲ့စည်းမှု အကြောင်း၊ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအကြောင်း နဲ့ မြန်မာ အင်ဒိုနီးရှား ဆက်ဆံရေး အကြောင်းတွေကို ပြောကြားထားပါတယ်။
ဇန္နဝါရီလ ၁ ရက်နေ့
အသံဖိုင်ယူရန်။