ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၆၄)
ဒီအပတ်အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ၁၉၈၈ ပြည်သူ့အရေးတော်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပုံတွေကို ဆက်လက်တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၆၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၆၃)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ၈၈ အရေးတော်ပုံကာလတွင်းမြို့တော်ခန်းမရှေ့နဲ့ ကုန်သွယ်ရေးရုံးမှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှု ပြဿနာတွေကို သွားရောက်ဖြေရှင်းခဲ့ရတဲ့ အကြောင်းတွေကို ဒီတစ်ပတ်မှာ တင်ပြထားပါတယ်။
အပိုင်း (၁၆၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၆၂)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ၈၈ အရေးတော်ပုံကာလအတွင်း စည်းရုံးရေးခရီးထွက်တုန်းက အတွေ့အကြုံတွေကို တင်ပြထားပါတယ်။
အပိုင်း (၁၆၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၆၁)
ဒီအပတ် အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ဦးနုရဲ့အစိုးရအဖွဲ့ နုတ်ထွက်ခဲ့ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ပုံတွေကို တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၆၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၆၀)
ဒီအပတ် အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ စတင်တွေ့ဆုံခဲ့ပုံနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဖွဲ့စည်းတဲ့အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပုံတွေကို တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၆ဝ) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၉)
ဒီအပတ် အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ၁၉၈၈ ပြည်သူ့အရေးတော်ပုံမှာ သူစတင်ပါဝင်လာခဲ့ပုံကို တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၈)
ဒီအပတ်အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ရဟန်းအဖြစ်က လူဝတ်လဲခဲ့ပုံကို တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၇)
ဒီအပတ်အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက သံဃာတစ်ပါးအဖြစ်ကနေ လူဝတ်လဲဖို့ စီစဉ်ခဲ့ပုံကို တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၆)
ဒီအပတ်အစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက အင်းစိန်ထောင်က လွတ်လာပြီးနောက်ပိုင်း သံဃာတစ်ပါးအဖြစ် ကျင့်ကြံနေထိုင်ခဲ့စဉ်က အတွေ့အကြုံတချို့ကို ဆက်လက်တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၅)
အင်းစိန်ထောင်က လွတ်လာပြီး နောက်ပိုင်း သံဃာတစ်ပါးအဖြစ် ကျင့်ကြံနေထိုင်ခဲ့စဉ်က ခါးသီးတဲ့အတွေ့အကြုံတချို့နဲ့ ရင်ဆိုင်ခဲ့ရပုံကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၄)
အင်းစိန်ထောင်အတွင်း ထောက်လှမ်းရေးက ဦးတင်ဦးရဲ့ ကိုယ်ရေးသမိုင်းကို လှည့်စားရယူခဲ့ပုံနဲ့ ထောင်ကလွတ်တဲ့နေ့ အတွေ့အကြုံကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
အပိုင်း (၁၅၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၃)
အင်းစိန်ထောင်မှာနေခဲ့ရတဲ့ နောက်ဆုံးကာလ အတွေ့အကြုံတွေကို ဦးတင်ဦးက ဆက်လက် တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၂)
ထောက်လှမ်းရေးအဖွဲ့က သူ့ကိုဂုဏ်သိက္ခာချဖို့ ကြိုးစားခဲ့ပုံကို ဦးတင်ဦးက တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၁)
ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုအပါအဝင် အင်းစိန်ထောင်အတွင်းက ခါးသီးလှတဲ့ အတွေ့အကြုံတွေကို ဦးတင်ဦးက ဆက်လက် တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
အပိုင်း (၁၅၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၅၀)
အင်းစိန်ထောင်အတွင်း အပြင်းအထန်နာမကျန်းဖြစ်တဲ့ ဦးတင်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ရိုင်းပြစွာဆက်ဆံခဲ့ပုံကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
အပိုင်း (၁၅၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄ဂ)
မဆလ တရားရုံးက၁၉၇၇ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်ကို သေဒဏ် အပြစ်ပေးပြီး ဦးတင်ဦးကိုတော့ နိုင်ငံ ခေါင်းဆောင်တွေ လုပ်ကြံဖို့ အစီအစဉ်ကို သိရက်နဲ့ ထိန်ချန်ခဲ့တယ်ဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပုံကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၁၄ဂ) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၇)
ဦးတင်ဦးကို နိုင်ငံတော်လုပ်ကြံမှုနဲ့ပတ်သက်ပြီး ရုံးတင်စစ်ဆေးခဲ့ပုံကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၁၄၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၆)
ဦးတင်ဦးကို ထိန်းသိမ်းခံရပြီး ပုဒ်မ ၁ဝ(က)နဲ့ အရေးယူခံရပုံကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၁၄၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၅)
ဗိုလ်မှူးချုပ်တင်ဖေ ပထမဆုံး ထုတ်ဖယ်ခံရပြီး နောက်ပိုင်းရာထူးက နုတ်ထွက်ရသူတွေအကြောင်းကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၁၄၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၄)
မ-ဆ-လ ခေါင်းဆောင် ဦးနေဝင်းလက်ထက်မှာ သူသဘောမတွေ့ရင် မတွေ့တဲ့လူမှာ အပြစ်မရှိလည်း တာဝန်ကရပ်နားခိုင်းတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၄၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၃)
တာဝန်က ရပ်ဆိုင်းခံရတဲ့ အကြောင်းရင်းကို အမျိုးမျိုးတွေးရင်း သူ့ကိုရာထူးက နုတ်ထွက်မခိုင်းခင်ကတည်းက မ-ဆ-လ ခေတ်မှာ ဖြုတ်-ထုတ် လမ်းစဉ်နဲ့ သူ့လိုပဲရာထူးက နုတ်ထွက်ရသူတွေရှိတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၄၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၂)
လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက သူ့ဘ၀ အတွေ့အကြုံတွေကို ဒီကဏ္ဍကနေ ပြန်ပြောင်းပြောပြနေပါတယ်။ အင်္ဂလန်မှာဆေးသွားကုတဲ့ နှလုံးရောဂါသည်သား ကွယ်လွန်သွားပြီး သူ့အတွက်ဆွမ်းကျွေးတဲ့နေ့ ညနေမှာပဲ တာဝန်ကရပ်ဆိုင်းခံရတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၄၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၁)
နှလုံးရောဂါသည်သားဖြစ်သူ အင်္ဂလန်မှာဆေးကုသဖို့သွားတဲ့အခါ ထောက်လှမ်းရေးအရာရှိတွေလည်းပါဝင်တဲ့အကြောင်း နားဆင်ရပါမယ်။
အပိုင်း (၁၄၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၄၀)
ဦးနေ၀င်းက နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေကို ထောက်လှမ်းရေးဌာနချုပ် အစည်းအဝေးခန်းမခေါ်ပြီး စကားပြောတဲ့အခါ သူ့သားလိုလူနဲ့ပတ်သက်ပြီး ပြောရတော့မယ်ဆိုပြီး ရှေ့စကား မဆက်နိုင်ဘဲ ဆို့သွားတဲ့အကြောင်း နားဆင်ရပါမယ်။
အပိုင်း (၁၄၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၉)
ရှမ်းပြည်နယ်ကို ဦးနေဝင်းနဲ့ မသွားခင် ဥပဒေပညာရှင် ဒေါက်တာမောင်မောင်နဲ့ တစ်ခရီးတည်း သွားမိတာဟာ အထင်မှားစရာ ဖြစ်သွားတဲ့အကြောင်းနဲ့ ဦးနေဝင်း အရက်သေစာ အသောက်လွန်နေတဲ့အကြောင်းတွေကို နားဆင်ရပါမယ်။
အပိုင်း (၁၃၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃ဂ)
ဦးနေဝင်း မျက်တော်ဖြေ ဗကပ နှိမ်နင်းရေး အစီအစဉ် မလုပ်ဖြစ်တဲ့အကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဘဝနဲ့ ရှမ်းပြည်နယ်ကို ဦးနေဝင်းနဲ့ နောက်ဆုံးသွားခဲ့တဲ့ ခရီးအကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၃၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၇)
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ဖခင်သဖွယ်သဘောထားတဲ့ ဦးနေဝင်း သူ့အပေါ် အမြင်မကြည်မလင်ဖြစ်နေတာ ကျေအေးစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗကပ နှိမ်နင်းရေး အစီအစဉ်တခု စဉ်းစားခဲ့တဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၃၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၆)
ဦးသန့်အရေးအခင်းနောက်ပိုင်း ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းလိုက်ပြီး ဆံရှည်လူငယ်တွေကို ဆံပင်ဖြတ်တဲ့အထဲ ဦးနေ၀င်းရဲ့သား ဖြိုးေ၀၀င်းလည်း ဆံပင်အညှပ်ခံရတဲ့ကိစ္စ ဦးတင်ဦးမှာ ပြဿနာလာဖြစ်ရတဲ့အကြောင်း တင်ပြထားပါတယ်။ ဒေါ်စမ်းစမ်းတင်က စီစဉ်ထုတ်လုပ်ပါတယ်။
အပိုင်း (၁၃၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၅)
၁၉၇၄ ခုနှစ်ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်း ဖြစ်ပွားပြီးတဲ့နောက် ပြဌာန်းတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှကာကွယ်သည့် ဥပဒေကို သူလက်တွေ့ကြုံရတဲ့အချိန်မှာ သံဝေဂရတဲ့အကြောင်းနဲ့ ဦးသန့်အရေးအခင်းနောက်ဆက်တွဲ ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ဥပဒေထုတ်ပြန်တဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၃၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၄)
၁၉၇၄ခုနှစ် ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်း ဖြစ်ပွားပြီးတဲ့နောက် ၁၉၇၅ခုနှစ် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပေါ်ပေါက်လာတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၃၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၃)
ဦးသန့်အလောင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်တွေက ထိုက်ထိုက်တန်တန် ကြိုဆိုဖို့ ဆုံးဖြတ်ပေမဲ့ ဦးနေဝင်းကလက်မခံတဲ့အကြောင်း ဦးသန့်အရေးခင်းနောက်ကွယ်က ဖြစ်ရပ်တွေကို ပြန်ပြောင်းပြောပြထားပါတယ်။
အပိုင်း (၁၃၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၂)
လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက သူ့ဘဝအတွေ့အကြုံတွေကို ဒီကဏ္ဍကနေ ပြန်ပြောင်းပြောပြနေပါတယ်။ ဒီတပတ်မှာ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း ဖြစ်ပွားပြီးနောက် အလုပ်သမားတွေကိုသာမက ကျောင်းသားတွေကိုပါ တွေ့ဆုံရှင်းလင်းတဲ့အခါ ရန်ကုန်စက်မှုတက္ကသိုလ်မှာ လုပ်တဲ့ပွဲ မအောင်မမြင်ဖြစ်ရပုံကို ပြောပြထားပါတယ်။
အပိုင်း (၁၃၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၁)
၁၉၇၄ ခုနှစ်အလုပ်သမားအရေးအခင်းမတိုင်ခင် အာဏာပိုင် အဖွဲ့အစည်းတွေကို ပြတဲ့ ရုပ်ရှင်ကားကို ဇာတ်ကားမပြဘဲ ပြီးပါပြီ စာတမ်းထိုးပြသတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၃၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၃၀)
ဆိုရှယ်လစ်စီးပွားရေးစီမံကိန်း အကောင်အထည်ဖော်ဖို့ အရှေ့ဥရောပက လယ်ထွန်စက်တွေကို တန်ဖိုးကြီးကြီး ပေးဝယ်ခဲ့ပေမဲ့ နောက်ပိုင်း အဟောသိကံ ဖြစ်သွားပုံကို ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၃၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၉)
၁၉၇၄ မှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်ပြဖို့ အဆိုတင်သွင်းတာ ရှုံးနိမ့် သွားဖူးတဲ့အကြောင်း ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၂၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၈)
၁၉၇၄ မှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေးဒု-၀န်ကြီး ခန့်အပ်မယ့် ကိစ္စမှာ ကသိကအောက်ဖြစ်ရပုံကို ပြန်ပြောင်းပြောပြထားပါတယ်။
အပိုင်း (၁၂၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၇)
ဒီတပတ်မှာ ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေအရ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပုံနဲ့ ထောက်လှမ်းရေးက ညွှန်ကြားတဲ့အတိုင်း လုပ်ကိုင်ရပုံတွေကို ပြောပြထားပါတယ်။
အပိုင်း (၁၂၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၆)
ဒီတပတ်မှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုပုံနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းအကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၂၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၅)
မလေးရှားနိုင်ငံ လေ့လာရေး ခရီးစဉ်မှာ အရာရှိငယ်ဘ၀က တက်ခဲ့ရတဲ့ စစ်ကျောင်းတွေကိုပါ အမှတ်တရ သွားကြည့်တဲ့အကြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၂၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၄)
မြန်မာနိုင်ငံကို အာဆီယံ-အရှေ့တောင်အာရှ အသင်းဝင်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းပေမဲ့ ဦးနေ၀င်းက လက်မခံတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၂၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၃)
ဒု-ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှာ အမေရိကန်သံရုံးက ရောက်ရှိလာတဲ့ လျှို့ဝှက်စာအိတ်မှာ မူးယစ်ဆေးဝါးကိစ္စ ပါဝင်တဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၂၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၂)
ဒီတပတ်မှာ ၁၉၇၀ ပြည့်နှစ်ပိုင်းတွေက အရှေ့ပါကစ္စတန် တင်းမာမှုနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက နောက်ကြေညာချက်တစ်စောင် ထုတ်ပြန်ရတဲ့ အကြောင်းရင်းနဲ့ ဦးတင်ဦး ဒု-ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ရာထူးတိုးမှာကို သိလိုက်ရတဲ့ အကြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၂၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၁)
ဒီတပတ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေအနေမလှတဲ့ ဖြစ်ရပ်နဲ့ ၁၉၇၀ ပြည့်နှစ်ပိုင်းတွေက အရှေ့ပါကစ္စတန် တင်းမာမှုအကြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၂၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၂၀)
ဒီတပတ်မှာ ဖြတ်လေးဖြတ်က အောင်မြင်တဲ့အကြောင်းနဲ့ အနီးကပ်လူယုံ လုပ်ကြံလို့ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း ကွယ်လွန်ရတဲ့အကြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၂၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၉)
ဒီတပတ်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေးနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီတွင်းက ဖြုတ်-ထုတ်-သတ် အကြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၁၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၈)
ဒီတပတ်မှာ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်းနဲ့ အတူ ဂျပန်နိုင်ငံ အစိုးရ ဧည့်သည်တော်အဖြစ် ရောက်ခဲ့ချိန်က ဂျပန်ဧကရာဇ်နဲ့ တွေ့ရတဲ့ ဖြစ်ရပ်ကို ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၁၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၇)
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်းရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အတူလိုက်ပါသွားချိန်က အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ ဦးနေ၀င်း မှာထားတဲ့အတိုင်း စကားမပြောဘဲ နေရတဲ့ ကသိကအောင့် ဖြစ်ရပ်ကို ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၁၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၆)
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်းရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ အမေရိကန်သမ္မတ Johnson က ပြောကြားပေမဲ့ မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်နိုင်ငံ ထူထောင်နေပြီး အမေရိကန် အကူအညီ မလိုတဲ့အကြောင်း ဦးနေ၀င်းက ပြောကြားခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်ကို ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၁၁၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၅)
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်းရဲ့ လန်ဒန်မြို့က အိမ်အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုကို လိုက်ပါသွားရတဲ့ ခရီးစဉ်အတွေ့အကြုံတွေကို တင်ပြပါမယ်။
အပိုင်း (၁၁၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၃)
ဗမာပြည်ကွန်မြူနစ်ပါတီ ခြေကုပ်ယူထားတဲ့ ပဲခူးရိုးမစစ်ဆင်ရေး စက်ဝိုင်းနည်းဗျူဟာ အကျိုးရှိပုံနဲ့ စစ်ကြောင်းကြီးငါးကြောင်း အကြောင်း တင်ပြပါလိမ့်မယ်။
အပိုင်း (၁၁၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၁)
နိုင်ငံကြီးနှစ်နိုင်ငံကြားက မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးအတွက် ချမှတ်ကျင့်သုံးတဲ့ မူဝါဒနဲ့ တချိန်တခါက စီစဉ်ခဲ့တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ အကြောင်းတင်ပြပါမယ်။
အပိုင်း (၁၁၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၁၀)
၁၉၆၇ တရုတ်-ဗမာ အရေးအခင်း ဖြစ်ပွားရတဲ့ နောက်ခံအကြောင်းတွေနဲ့ ဒီမတိုင်ခင်က အစွန်းနှစ်ခုက လွတ်တဲ့ နိုင်ငံတော်ဝါဒ ထားရှိဖို့ ရည်မှန်းခဲ့တဲ့အကြောင်း တင်ပြပါမယ်။
အပိုင်း (၁၁၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၉)
၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားသွားတဲ့ တရုတ်၊ ဗမာ အရေးအခင်း နောက်ဆက်တွဲ သမိုင်းဝင် အချက်အလက်တချို့ကို ပြန်ပြောင်းပြောပြထားတာ နားဆင်ရပါမယ်။
အပိုင်း (၁၀၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၈)
၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားသွားတဲ့ တရုတ်၊ ဗမာ အရေးအခင်းအကြောင်း ပြန်ပြောင်း ပြောပြထားတာ နားဆင်ရပါမယ်။
အပိုင်း (၁၀၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၇)
ရခိုင်ပြည်နယ်မှာ ၁၉၆၈ ခုနှစ် မေလတုန်းက လူထောင်ချီ သေဆုံးခဲ့ရတဲ့ မုန်တိုင်း အကြီးအကျယ်တိုက်သွားပြီးတဲ့နောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မုန်တိုင်းကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပုံတွေကို ပြန်ပြောင်း ပြောပြထားတာ နားဆင်ရပါမယ်။
အပိုင်း (၁၀၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၆)
တော်လှန်ရေးကောင်စီခေတ်မှာ ပြည်ပ၀င်ငွေရရှိဖို့ ဆန်ကြိုတင် ရောင်းချတဲ့ စနစ်ကြောင့် ရာသီဥတု ဖျက်တဲ့နှစ်မှာ ဆန်မလုံလောက်ရာက စစ်တွေဆန်ပြဿနာ ဖြစ်ပေါ်ရတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၀၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၅)
တော်လှန်ရေးကောင်စီခေတ်မှာ ပြည်ပ၀င်ငွေရရှိဖို့ ဆန်ကြိုတင်ရောင်းချတဲ့ စနစ်ရှိပြီး ဆန်ထွက်တဲ့ တိုင်းတွေမှာ တာဝန်ယူရတဲ့ တိုင်းမှူးတွေ ဆန်မပြတ်အောင် နားလည်မှုနဲ့ လုပ်ကိုင်ကြပုံကို ဦးတင်ဦးက ပြောပြထားတာ နားဆင်ရပါမယ်။
အပိုင်း (၁၀၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၄)
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားရတဲ့ သမိုင်းဝင်ဖြစ်ရပ်ကို တင်ပြထားပါတယ်။ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်မယ်ဆိုရင် စေတနာအမှန်နဲ့ နှစ်ဘက် တစ်ဦးကိုတစ်ဦး ယုံကြည်ပြီးလုပ်တာ အကောင်းဆုံးပဲလို့ ဦးတင်ဦးက သုံးသပ်တာ နားဆင်ရပါမယ်။
အပိုင်း (၁၀၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၂)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ လေ့လာခဲ့ရတဲ့ အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၀၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၀၁)
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၁၉၆၄ ခုနှစ်က တွေ့ရှိခဲ့တဲ့ မြစ်ကူးတံတား အမျိုးအစားတွေကို ဒီကနေ့ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၁၀၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၉၄)
တရုတ်နိုင်ငံက နံမည်ကျော် ပီကင်းဘဲမွေးမြူရေးလုပ်ငန်းနဲ့ မော်စီတုန်းလက်ထက်က ကျင့်သုံးတဲ့ ပြည်သူ့ဘုံစနစ် ကို ပြောပြထားပါတယ်။
အပိုင်း (၉၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၉၃)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၁၅ နှစ်မြောက် အခမ်းအနားနဲ့ တရုတ်နိုင်ငံက တပါတီစနစ်ကို တင်ပြထားပါတယ်။
အပိုင်း (၉၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၉၂)
၁၉၆၄ ခုနှစ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ဝါဒရေးရာ သဘောထားတွေကို တင်ပြထားပါတယ်။
အပိုင်း (၉၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၉၁)
တရုတ်နိုင်ငံကို မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်တုန်းက တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနဲ့ တွေ့ဆုံရတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၉၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၉၀)
တရုတ်နိုင်ငံကို မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်ချိန်မှာ သူ့ကို အခမ်းအနားနဲ့ ကြိုဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်။
အပိုင်း (၉၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၉)
တော်လှန်ရေး ကောင်စီဝင် ဖြစ်လာပြီးတဲ့နောက် တရုတ်နိုင်ငံကို မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့တဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၈၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၈)
တိုင်းမှူးတာဝန် ယူရပေမယ့် ဧရာဝတီတိုင်းမှာ စစ်ဆင်ရေး သိပ်မရှိဘဲ နယ်ဘက် လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်ရတဲ့အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၈၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၇)
နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းတဲ့ကာလနဲ့ အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးကြီးကြည်မောင် တာဝန်က အနားယူသွားရတဲ့ အကြောင်း၊ ပြည်သူပိုင် သိမ်းတဲ့အကြောင်းတွေကို တင်ပြထားပါတယ်။
အပိုင်း (၈၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၆)
ဒီတပတ်မှာတော့ အရှေ့တောင်တိုင်း ဒုတိုင်းမှူးဘ၀မှာ နိုင်ငံတော် အာဏာကို စစ်တပ်က သိမ်းတော့မယ့် အကြောင်း ကြိုတင် သိခဲ့ရတဲ့ အကြောင်း တင်ပြထားပါတယ်။
အပိုင်း (၈၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၅)
အရှေ့တောင်တိုင်း ဒု-တိုင်းမှူးဘ၀ အတွေ့အကြုံတွေ၊ ပေါ်တာ အထမ်းသမားတွေ မရှိတဲ့ ကိစ္စတွေ၊ တပ်လေယာဉ်ဆင်းတာ ရပ်ရွာက လာကြည့်လို့ ပျက်စီးသွားတဲ့ စိုက်ခင်းတွေ အတွက် လျော်ကြေးပေးတာတွေ စတဲ့ အကြောင်းချင်းရာတွေကို တင်ပြထားပါတယ်။
အပိုင်း (၈၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၄)
စစ်တိုင်းတွေ ထပ် ဖွဲ့စည်းလိုက်ချိန်မှာ ဦးတင်ဦး အရှေ့တောင်တိုင်း ဒုတိုင်းမှူးဖြစ်လာပုံကို တင်ပြထားပါတယ်။
အပိုင်း (၈၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၃)
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အိမ်စောင့်အစိုးရ လက်ထက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဂယက်နဲ့ တပ်မှူးကြီးတွေ တပ်ကထွက်ရပုံတွေကို ပြန်ပြောင်း ပြောပြထားပါတယ်။
အပိုင်း (၈၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၈၂)
ရခိုင်ပြည်နယ် အတွေ့အကြုံတွေထဲ ရေလမ်းခရီးက သည်းထိတ်ရင်ဖို ဖြစ်ရပုံတွေ ၀န်ကြီးချုပ်ဟောင်း ဦးနုလက်ထက်မှာ နယ်စပ်ဒေသ အုပ်ချုပ်ရေးဆောင်ရွက်ပုံတွေကို တင်ပြထားပါတယ်။
အပိုင်း (၈၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၆၃)
ရန်ကြီးအောင်စစ်ဆင်ရေး ပထမနေ့ မှာ တိုက်ပွဲ ၃ ပွဲအနိုင်ရပြီး နောက်တနေ့အတွက် ပြင်ဆင်ခဲ့ပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၆၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၈)
ရန်ကြီးအောင်စစ်ဆင်ရေး စတင်တော့မဲ့ဆဲဆဲကာလ အတွေ့အကြုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၅၈) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၇)
ရန်ကြီးအောင်စစ်ဆင်ရေး စတင်တော့မဲ့ဆဲဆဲ ရန်သူ တရုတ်ဖြူတပ်ဖွဲ့တွေ ရှိရာဒေသကို လျှို့ဝှက် သွားရောက်ပြီး ထောက်လှမ်းခဲ့ပုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၅၇) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၆)
ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ထိုင်းနဲ့ မြန်မာ အစိုးရအကြား ဆွေးနွေးညှိနှိုင်းခဲ့ပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၅၆) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၅)
ရန်ကြီးအောင် စစ်ဆင်ရေးအတွက် အပြီးသတ် ပြင်ဆင်ဆောင်ရွက်ရင်း နိုင်ငံပိုင်ငွေ သုံးစွဲရာမှာ တပ်မတော်အရာရှိတွေ ကိုယ်ကျိုးရှာမှု မရှိအောင် အဲဒီကာလက ကြပ်မတ် စစ်ဆေးခဲ့ပုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၅၅) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၄)
ရန်ကြီးအောင်စစ်ဆင်ရေးအတွက်အပြီးသတ် ပြင်ဆင် ဆောင်ရွက်ပုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၅၄) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၃)
ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရင်း မြန်မာ့တပ်မတော်သားတွေ မိမိတို့ရိက္ခာကို ဒေသခံလူထုနဲ့ ခွဲဝေ စားသောက်ခဲ့ပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၅၃) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၂)
တရုတ်ဖြူ စစ်ဆင်ရေးအတွင်း ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရင်း မြန်မာ့တပ်မတော်သားတွေ လူထုအကျိုးပြု ဆောင်ရွက်ခဲ့ပုံတွေကို ဦးတင်ဦးက ပြောပြထားပါတယ်။
အပိုင်း (၅၂) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၁)
တရုတ်ဖြူ စစ်ဆင်ရေးအတွင်း ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရင်း မြန်မာ့တပ်မတော်သားတွေ လူထုအကျိုးပြု ဆောင်ရွက်ခဲ့ပုံတွေကို ဦးတင်ဦးက ပြောပြထားပါတယ်။
အပိုင်း (၅၁) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၅၀)
တရုတ်ဖြူ စစ်ဆင်ရေးအတွင်း ရန်ကြီးအောင် စစ်ဆင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ရင်း မြန်မာ့တပ်မတော်သားတွေ မိုင်းဆတ် ငှက်ဖျားဒဏ် အပြင်းအထန် ခံခဲ့ရပုံတွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပြပါတယ်။
အပိုင်း (၅၀) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၄၉)
ဒီတပတ် အစီအစဉ်မှာ တရုတ်ဖြူ စစ်ဆင်ရေးအတွင်း ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။
အပိုင်း (၄၉) နားထောင်ရန်။
အသံဖိုင်ယူရန်
ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၄၈)
ဒီတပတ် အစီအစဉ်မှာ တရုတ်ဖြူ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့ပုံကို ပြောပြထားပါတယ်။
အပိုင်း (၄၈) နားထောင်ရန်။
အသံဖိုင်ယူရန်