RFA က အစီအစဉ်သစ်တခုကို ၂ဝ၁၂ နှစ်သစ်ကူးမှာ စတင်ထုတ်လွှင့်လိုက်ပါပြီ။
စာရေးဆရာ၊ ဘလော့ဘ်ကာ တစ်ယောက်ဖြစ်တဲ့ ကိုနေဘုန်းလတ် ရေးသားတင်ပြတဲ့ "လူငယ်တို့ရဲ့ ကဏ္ဍ" အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း တင်ဆက်နေပါတယ်။
ကဗျာဆရာ ကိုငြိမ်းဝေ က မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ထင်ဟပ်တဲ့ မြန်မာနဲ့ နိုင်ငံတကာက ကဗျာတွေကို ခံစားတင်ဆက်ထားတာ အင်္ဂါနေ့ ညဘက်မှာ နားဆင်နိုင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ “အကျိုးမျှော် နှိုးဆော်ပါရစေ” အသံလွှင့်ဇာတ်လမ်းကို RFA က အပတ်စဉ် သောကြာနေ့ညတိုင်း ထုတ်လွှင့်ပေးနေပါတယ်။
ကိုဂျင်မီ ရေးသားတင်ပြတဲ့ "ဒီမိုကရေစီ (သို့မဟုတ်) ပွင့်လင်းလူ့အဖွဲ့အစည်း" အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ညတိုင်း တင်ဆက်နေပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါတယ်။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
စာရေးဆရာ ဆူးငှက်ရဲ့ "စာရေးဆရာတစ်ဦးရဲ့ မှတ်စုများ" အစီအစဉ်ကို RFA က အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်။
စာပေယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ပြင်ပကလောင်ရှင် မေစာက ‘စာဝိုင်း ပေဝိုင်း စကားဝိုင်း’ အစီအစဉ်ကို အပတ်စဉ် ကြာသပတေးနေ့ ညတိုင်း တင်ဆက်နေပါတယ်။
ဆောင်းပါးရှင် ဇော်လူသစ်က တင်ဆက်နေတဲ့ မြို့ပြနယ်မြေ ဖွံ့ဖြိုး စိုပြေဆိုတဲ့ အစီအစဉ်ကို ကြာသပတေးနေ့ ညပိုင်းအစီအစဉ်တွေမှာ အပတ်စဉ် ထုတ်လွှင့်ပေးနေပါတယ်။
ကမ္ဘာမှာ အရေးတကြီးဆောင်ရွက်ရမယ့် ဒီမိုကရေစီရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်သာယာရေး စတဲ့ အရေးတွေထဲမှာ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင် အကြောင်းအရာကို ဇောင်းပေးလေ့လာနေတဲ့ ပတ်ဝန်းကျင်နဲ့ သုတအဖြာဖြာကဏ္ဍကို ဒေါ်စမ်းစမ်းတင်က တင်ပြနေပါတယ်။
ပြည်သူတွေကြားမှာ အမှန်တကယ် ဖြစ်နေပြီး စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြတာ မတွေ့ရတဲ့ အကြောင်းအရာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကြာသပတေးနေ့ည အစီအစဉ်တိုင်းမှာ သတင်းစာနောက်ကွယ်က မြန်မာပြည် ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြနေပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ အနုပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အထင်ကရ ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေထဲက သောတရှင်တွေအတွက် အတုယူ အားကျစရာ၊ စိတ်ဝင်စားစရာ အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်အောင်က တင်ဆက်နေပါတယ်။
မိမိ စွဲကိုင်ထားတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ရှင်သန်လှုပ်ရှားရင်း တွေ့ကြုံလာတဲ့ အခက်အခဲ၊ ဘေးဒုက္ခတေကြိုကုံ့ကံ့ခိုင်ခိုင် ရင်ဆိုင်တွန်းလှန်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေး၊ အမြင်၊ အယူအဆတေကြို ဒေါ်ခင်ခင်အိက တင်ပြထားတာ ဖြစ်ပါတယ်။
ပြင်ပဆောင်းပါးရှင် ဒေါက်တာ စေတနာ ရေးသားတင်ဆက်တဲ့ အစီအစဉ် ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း မကြာခဏ ကြားသိနေရသော ကျန်းမာရေး ပြဿနာများ နှင့် သိမှတ်ဖွယ်ရာများကို အပတ်စဉ် တင်ဆက် ပေးနေပါသည်။
မြန်မာလူထုအတွက် ခေတ်မီ သိပ္ပံပညာ၊ နည်းပညာ ဗဟုသုတတွေ ရရှိစေဖို့ RFA ပြင်ပဆောင်းပါးရှင် ဒေါက်တာမောင်ဘချစ်က ယနေ့သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို အပတ်စဉ် လေ့လာ တင်ပြနေပါတယ်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ ခေါင်းဆောင် အရှင် ဂမ္ဘီရနဲ့ မိသားစုဝင်တွေအကြောင်း၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးမှာ ဦးဆောင်သံဃာ ဖြစ်လာပုံ၊ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံ စတာတွေကို အစ်မဖြစ်သူ ဒေါ်လွင်လွင်မြင့်က မိသားစုဘဝနဲ့ ပူးတွဲတင်ပြသွားမှာပါ။
ပြင်ပဆောင်းပါးရှင် မောင်သိန်းညွန့် - ကော့ကရိတ် ရဲ့ တရားဥပဒေဆိုင်ရာ ပညာပေး အစီအစဉ်ကို နားဆင်နိုင်ပါတယ်။