0:00 / 0:00
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင် ကျွမ်းခဲ့တာကြောင့် လူ ၁၃၀၀ နီးပါးတို့ဟာ လက်ရှိကယ်ဆယ်ကယ် ဆယ်ရေး စခန်းတွေမှာ နေထိုင်ကြရပါတယ်။
မီးဘေးသင့် ပြည်သူ ၁၃၀၀ နီးပါးအတွက် နေထိုင်စားသောက်ရေး အကူအညီ ပေးထားတဲ့ မြို့မဂိုဏ်းချုပ် ဆရာတော် ဦးကုမာရကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းလျှောက်ထားပါတယ်။