တိုင်းရင်းသားပေါင်းစုံ ညီလာခံ ကျင်းပနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေ စီစဉ်

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီက တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ညီလာခံကြီး တရပ် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံ နယ်စပ်တနေရာမှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

0:00 / 0:00