ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့် တပ်ဖွဲ့တို့ ဒီနေ့မနက်က အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ကို မြန်မာတပ်က ဖမ်းဆီးထားလိုက်ပါတယ်။
မောင်တောမြို့နယ် ရေတွင်းကျွန်းချောင်းဝနဲ့ ရွက်ညိုတောင်ချောင်းဝကြားမှာ မြန်မာနယ်ခြားစောင့်တပ်က ကင်း လှည့်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ လို့ အမည်မဖော်လိုတဲ့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြော ပါတယ်။
"ဖြစ်တာကတော့ မနက် ၅ နာရီလောက်မှာ လှေတစ်စီးတွေ့တယ်ပြောတယ်၊ သူတို့က လှမ်းခေါ်တော့ ဟိုဘက်ကပစ်တယ်ပြောတယ်၊ သူတို့ကပစ်တော့ ပြန်ပစ်တယ်၊ ၂ ဘက်ပြန်ပစ်တော့ ဒီကောင်တွေ က လှေပေါ်ကဆင်းပြီးတော့ ထွက်ပြေးသွားတယ်၊ ရေထဲကိုဆင်းပြီး လိုက်ကြည့်တော့ သေနတ် ၁ လက်နဲ့ လူတစ်ယောက်ဖမ်းမိတယ်"
ဘင်္ဂလားဒေ့ရှ်ဘက်က စက်လှေပေါ်ပါလာတဲ့ လူ ၃ ဦးထဲက ၂ ဦးဟာ ထွက်ပြေး လွတ်မြောက်သွားပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် BGB တပ်ဖွဲ့ ယူနီဖောင်း ဝတ်ထားတဲ့ ကျန်တစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၄၂ BGB နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး မနေ့ညနေက ငါးဖမ်းစက်လှေနဲ့ကင်းလှည့်ရင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်လာတဲ့ စက်လှေ ၂ စီး နောက်ကိုလိုက်ရာကနေ မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ လည်း သိရပါတယ်။