ချင်းပြည်နယ်တွင်း ဒေသပေါင်း(၈၀)ကျော်က ကိုယ်စားလှယ်ပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်တဲ့ အဲဒီညီလာခံကို မတ်လ လဆန်းပိုင်းတုန်းက ကျင်းပခဲ့တာဖြစ်ပြီး၊ ဒေသခံအစိုးရတပ် ခမရ(၁၄၀)က သွားရောက် နှောင့်ယှက်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းရင်သားလူမျိုးများ တိုးတက်ရေးပါတီရဲ့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူးဗန်ကျင်က ကြားဝင်ပြောဆိုတာကိုလည်း သေနတ်နဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း CHRO အဖွဲ့အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00