ရန်ကုန် - ဒလ တံတား ဆောက်လုပ်ရေး ဧပြီလ စတင်မည်

2018-01-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့ဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့ဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့နှစ်ထဲက စီစဉ်ထားခဲ့တဲ့ ရန်ကုန်နဲ့ ဒလကို ဆက်သွယ်တဲ့ ကိုးရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို အခုနှစ် ဧပြီလအတွင်း စတင်ဆောက်လုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒီတံတားအတွက် အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် သုံးစွဲမှာဖြစ်ပြီး လာမယ့် ၂၀၂၀ -၂၁ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

အဲဒီ ကိုးရီးယား - မြန်မာ ချစ်ကြည်ရေး တံတားဟာ အရှည် ၁၉၃၆ ပေ၊ အမြင့် ၁၆၀ ပေ ရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွေရာသီတိုင်း ရေပြတ်လပ်လေ့ရှိတဲ့ ဒလမြို့နယ်အတွက် ရန်ကုန်ကနေ ရေပေးဝေနိုင်မယ့် အစီအစဉ်တွေ ကိုပါ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့