ပြည်ပ မြန်မာမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေး

ပြည်ပမှာရှိနေတဲ့ မြန်မာမီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာရှိတဲ့ Faculty of Social Science's အစည်းအေဝး ခန်းမဆောင်မှာ ပြည်ပမီဒီယာများရဲ့ လက်ရှိအခြေအနေတွေအကြောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား သတင်းမီဒီယာတွေ စုဖွဲ့ထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်းဌာန BNI အဖွဲ့က ကိုစိုင်းလိတ်က ပြည်ပမှာ မြန်မာသတင်းမီဒီ ယာတွေ ပေါ်ပေါက်လာတဲ့ အခြေအနေတွေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ကြုံတွေ့နေရတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ကြောင်း အခုလို ပြောပါတယ်။

"ကျနော်တို့ ပြည်ပမီဒီယာမှာ အခြေအနေတစ်ခုအရပေါ့လေ၊ အထဲပြန်င်သွားတဲ့ အဖွဲ့တွေလည်းရှိတယ်ဆိုတဲ့ဟာမျိုး၊ အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတဲ့ဟာမျိုး၊ မြန်မာပြည်ကလည်း တစ်စုံတစ်ရာ ပွင့်လင်းလာပြီ အစိုးရကလည်း ဖိတ်ခေါ်တယ်ဆိုတော့ ကျနော်တို့ မီဒီယာအဖွဲ့တွေက အထဲကိုပြန်မင်ခဲ့ဘူးဆိုရင်လည်း ခြေတစ်လှမ်းနောက်ကျမယ်၊ အထဲကိုပြန်င်သွားမယ်ဆိုရင်လည်း တအားကြီးယုံကြည်စိတ်ချရတဲ့အခြေအနေ မဟုတ်သေးဘူးဆိုတော့၊ အထဲကိုလည်းင်တယ် ကျနော်တို့ အပြင်မှာလည်း ခြေတစ်လှမ်းထုတ်ထားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်၊ ဘယ်လိုကျော်လွှားမလဲဆိုတဲ့ ဟာကတော့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲပေါ့ အပြောင်းအလဲမှာ ကြန့်ကြာနေတယ်ဆိုလို့ရှိရင်တော့ ပြင်ပမီဒီယာတွေကတော့ အထဲမှာင်တာဖြစ်ပေမယ့်လို့ အပြင်မှာလည်း တစ်ပိုင်းဆက်ပြီး ရပ်တည်နေရအုံးမယ်လို့တော့ ပြောဖြစ်တာပေါ့"

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး online နည်းပညာပိုင်းကို စောင့်ကြည့်လေ့လာနေတဲ့ ကိုကျော်ဝင်းကလည်း ပြည်ပမီဒီယာအဖွဲ့တွေ Online တိုက်ခိုက်ခံရမှုတွေ ဆက်ရှိနေသေးတာတွေနဲ့ ပတ်သက်ပြီး အကျယ်တဝန်ရှင်းပြခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB အဖွဲ့က Nikos Dacanay ကလည်း မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲရမှု နည်းပါးနေသေးတာတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသေးတဲ့အကြောင်း စစ်တမ်းကောက်ယူထားတာတွေကို ရှင်းပြသွားခဲ့ပါတယ်။

ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်းကတော့ အစိုးရကနေပြီး မီဒီယာလွတ်လပ်ခွင့်တွေပေးနေတယ်လို့ ပြောဆိုနေပေမယ့် လက်တွေမှာ ကန့်သတ်ပိတ်ပင်မှုတွေ ခံနေရဆဲဖြစ်ကြောင်းကို သူတို့သတင်းဌာနရဲ့ အတွေ့အကြုံတွေနဲ့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

"အရင်က ဦးနေဝင်း ၁၉၆၂ က အဲ့ဒီအတိုင်းပဲ အခု ဦးသိန်းစိန်အစိုးရကလည်းပဲ မီဒီယာအခွင့်အရေးဆိုပြီးမှ ပေးတာတွေရှိတယ်၊ ဒါပေမယ့် တိုင်းရင်းသားတွေနဲ့ ဘာမှမဆိုင်ဘူးဖြစ်နေတယ်၊ ဘာမှအခွင့်အရေးလည်း မရဘူးဖြစ်နေတယ်၊ အဓိကကတော့ ကျနော်တို့ ကချင်မှာကြည့်ရင် ကချင်ဝက်ဆိုက်တွေ တော်တော်များများရှိတယ်၊ ကျနော်တို့ဆိုရင်လည်း ထိုင်းမှာ အဓိကအခြေစိုက်ပြီးမှလုပ်တယ်၊ ကျန်တဲ့ကချင်အဖွဲ့အစည်းတွေဆိုရင်လည်း ဒီနယ်စပ်မှာ လုပ်တာရှိတယ်၊ ကချင်ပြည်နယ်မှာ စစ်ပွဲဖြစ်တဲ့အချိန်တွေမှာ အင်တာနက်လည်းမရတော့ဘူး ဖုန်းလည်း မရတော့ဘူး။ ကျနော်တို့ဆိုရင်လည်း ကျနော်တို့ ဝက်ဆိုက်က အဓိကအတိုက်ခံရတယ်၊ အတိုက်ခံရတဲ့ အခြေအနေကလဲ ကချင်ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေဆင်တဲ့အချိန်မှာဖြစ်တယ်။ ၂ဝ၁၁ စက်တင်ဘာလမှာ တစ်ကြိမ် ပြီးခဲ့တဲ့နှစ် နိုဝ င်ဘာကနေ စပြီးမှလည်း ထပ်ပြီးမှတိုက်တယ်ဆိုတော့ တကယ်ပဲ သူတို့ကပဲ ဒီ တိုင်းရင်းသားတွေ မီဒီယာတွေအပေါ် ထိန်းချူပ်နေတာသိရတယ်"

ဒါကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်တဲ့ ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) နဲ့ The Best Friend Burmese Library တို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာမီဒီယာအကြောင်းစိတ်ဝင်စားတဲ့ ချင်းမိုင်တက္ကသိုလ်က ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။