Frist Weekly ဂျာနယ် တရားစွဲခံရမှု စတင်စစ်ဆေး

ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။

အဲဒီ ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ သတ်မှတ်နှုန်းထက် တိုးမြှင့်ကောက်ခံနေတဲ့အတွက် ကားသမားတွေ မကျေနပ်ကြ ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းတစ်ပုဒ်ကို မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီသတင်း ရေးသားချက်တွေဟာ မှန်ကန်မှု မရှိဘူးဆိုကာ နစ်နာကြေး သိန်းနှစ်ရာ ရလိုကြောင်း လုပ်ငန်းလုပ်ကိုင်ခွင့် ရထားသူ ဒေါ်သစ်သစ်ဆွေက မေလ ၃၁ ရက်မှာ ဦးအောင်စိုးသူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ ဂျာနယ် အယ်ဒီတာ ဦးအောင်စိုးသူကလည်း ဒေါ်သစ်သစ်ဆွေကို အသရေဖျက်မှုနဲ့ တုံ့ပြန်စွဲဆိုကာ ဒီကနေ့ တတိယအကြိမ် ရုံးချိန်းမှာ ဒေါ်သစ်သစ်ဆွေထံက နစ်နာကြေး ကျပ် သိန်းသုံးရာ ပြန်လည် တောင်းခံခဲ့ကြောင်း သိရပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ကြားဝင်ဖြန်ဖြေဖို့ ကြိုးစားခဲ့တဲ့ မြန်မာစာနယ်ဇင်း သမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

0:00 / 0:00