ကော့မှူးမှာ ဝန်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကော့မှူးမဲဆန္ဒနယ် ရွေးကောက်ပွဲအောင်နိုင်ရေး ဒေသဆိုင်ရာတာဝန်ခံ ဦးအေးသိန်းကို RFA သတင်းထောက် တွေ့ဆုံမေးမြန်းတဲ့အခါသူက-အရင်စစ်အစိုးရလက်ထက် ဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်း၊ ဦးစိုးသာအပါအဝင် ဗိုလ်ချုပ်မြင့်ဆွေ၊ ဦးလွန်းတင်တို့ ဒီရက်ပိုင်းတွေမှာ မကြာခဏ ရောက်လာပြီး ကြံ့ခိုင်ဖွံံဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးနေကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ပို့ရွာမှာလည်း ရွာသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီး မှတ်တမ်းဗီဒီယိုခွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်ဗီဒီယိုခွေကို မနေ့က ပြသပါတယ်။ အဲဒီအခါမှာ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကနေ အခု ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်နေသူက ဆင်ဆာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်မပါတဲ့ ရုပ်ရှင်ကားတွေ ပြခွင့်မရှိဘူးလို့ ခေါ်ယူသတိပေး တားမြစ်တဲ့အကြောင်း မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခင်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမဲဆန္ဒနယ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကိုယ်စားလှယ် ဒေါ်ကြည်ကြည်ဝင်းနဲ့ ဆက်သွယ်မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။

0:00 / 0:00