ရွေးကောက်ပွဲအတွက် ပြည်တွင်း သတင်းထောက် ၄၀၀ ကျော်ကို သတင်းရယူခွင့် ပြုထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောပါတယ်။
အလားတူ ရွေးကောက်ပွဲမှာ လာရောက် သတင်းရယူနိုင်ဖို့ နိုင်ငံခြားသတင်းဌာန အသီးသီးက သတင်းထောက် ၁၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ခွင့် အပါအဝင် စာနယ်ဇင်း ဥပဒေ၊ စာပေလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00