ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Chloe Smith က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော် ကိုယ်စားလှယ်အသစ်တွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ တစ်ပတ်ကြာ သင်တန်းပေးမယ်လို့ သိရပါတယ်။
အဲဒီလိုကူညီဖို့ ကုလသမဂ္ဂနဲ့ Inter-Parliamentary Union တို့က သူ့ကို ကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက် ဒီမိုကရေစီ လမ်းကွေ့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို ကူညီခွင့်ရမှာဖြစ်လို့ သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း Chloe Smith က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေအတွက် ဘာတွေကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့် တယ်၊ နိုင်ငံနဲ့ပတ်သက်ရင် ဘာတွေဆောင်ရွက်သင့်တယ်၊ တာဝန်ယူမှုနဲ့ ကိုယ်စားပြုမှုဆိုတာ ဘယ်လိုဖြစ်တယ် ဆိုတာတွေ ကို မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ပြောဆိုမှာဖြစ်တယ်လို့ သူကပြောပါတယ်။
Chloe Smith ဟာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး၊ ဗြိတိန်လွှတ်တော်မှာ ကွန်ဆားဗတစ် ပါတီရဲ့ ကိုယ်စားလှယ်ဖြစ် ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။