ကိုမင်းကိုနိုင်က မြန်မာနိုင်ငံ အသွင်ကူးပြောင်းဆဲကာလမှာ လမ်းကြောင်းလွဲစေတဲ့ ဒီလိုပရိယာယ်၊ အပြုအမူတွေကို နားလည်ဖို့လိုတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
မိတ္ထီလာမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိနေစဉ် ကိုမင်းကိုနိုင် ဒေသခံတွေကို အခုလို တိုက်တွန်းခဲ့ပါတယ်။
ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံပြီး ကူညီခဲ့တာတွေနဲ့ ပတ်သက်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ကိုမင်းကိုနိုင်အပါအဝင် ရွှေညဝါဆရာတော်နဲ့ ဆရာတော် ဦးဝီရသူတို့ဟာ အဲဒီမြို့ရဲ့ ပြည်သူ့ဆေးရုံကို သွားရောက်ခဲ့ကြပြီး ဒီဖြစ်စဉ်ကြောင့် ဆေးရုံတက်ရောက်တဲ့ လူနာတွေကို အလှူငွေတွေ ပေးခဲ့ကြပါတယ်။
အဲ့ဒီအပြင် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ လက်ရှိအဓိကရုဏ်းတွေချုပ်ငြိမ်းဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။