ရခိုင်ကော်မရှင် ဘာသာရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ဒီကနေ့ ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တောင်းခံခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲဟာ အားရကျေနပ်စရာကောင်းတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းမြ က ပြောပါတယ်။

ဗုဒ္ဒဘာသာဆရာတော်ကြီးတွေဖြစ်ကြတဲ့ အရှင်ဆေကိန္ဒ၊ အရှင်ဓမ္မပီယ၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ရွှေစေ တီကျောင်းဆရာတော် အရှင်အရိယဝံသ အစရှိတဲ့ ဆရာတော် ၈ ပါး၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေဖြစ် ကြတဲ့ ဦးတင်မြင့်၊ ဦးဝဏ္ဏရွှေ အစရှိတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာ နဲ့ ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြော ကြားမှာဖြစ်ပြီး အကြံဉာဏ်တွေလည်း တောင်းခံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ဟာ အပြီးသတ် အစီရင်ခံစာကို ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။