ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသူကင်းမဲ့ပြီး ရေလွှမ်းမိုးလေ့ရှိတဲ့ ကျွန်းတကျွန်းကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့အတွက် ရခိုင်ပြည်နယ်ကို အခုပြန်လည်သွားရောက်နေကြပြီလို့ မနေ့ကရတဲ့ သတင်းတွေမှာေ ဖါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ အကြမ်းဖက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ၇ သောင်း ၃ ထောင် နီးပါးရှိတဲ့အနက် အခု လူ ၅ဝဝဝ လောက် ပြန်သွားကြပြီလို့ Cox’s Bazar ဒေသခံ အကြီးအကဲတွေက ပြောဆိုကြောင်း AFP သတင်းက ပြောပါတယ်။ မြန်မာပြည်မှာ ပစ်သတ်ခံပြီးသေရမှာထက် ဘင်္ဂလားဒေ့ရှ်ကကျွန်းမှာ ရေလွှမ်းမိုးဒဏ်ကြောင့် အသက်ဆုံးပါးမယ့်အရေးကို ရိုဟင်ဂျာတွေကကြောက်လန့် ကြတယ်လို့လည်း အဲဒီ ဒေသခံခေါင်းဆောင် ဟာဖစ် ဆိုသူက ပြောတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဗိုလ်မှူး အဘူ ရပ်ဆဲလ် ဆိုသူကတော့ မြန်မာနိုင်ငံပြန်သွားတဲ့ဦးရေ ဟာ ပြီးခဲ့တဲ့လက ၅ဝ လောက်ရှိပြီးဒီလအတွင်းမှာတော့ ၂၃၅ ဦးပဲရှိတယ်လို့ ပြောပါတယ်။