ငါးဖမ်းလှေပစ်ခတ်ခံရမှု မြန်မာ အစိုးရကို ဘင်္ဂလားဒေ့ရှ် အပြင်းအထန် ကန့်ကွက်

ပိုင်နက်ကျူးလွန်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေကို မြန်မာ့တပ်မတော်ကင်းလှည့်ရေယာဉ်က ပစ်ခတ်တဲ့ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဒါကာမြို့အခြေစိုက် မြန်မာသံရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဌာန က ဒီနေ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။

လက်နက်မဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေကို ပစ်ခတ်တာဟာ အကြောင်းမဲ့ ရန်စတာဖြစ်တယ်လို့ အဲဒီစာထဲမှာဖော်ပြ ထားပါတယ်။

ငါးဖမ်းလှေကိုပစ်ခတ်လိုက်လို့ လူတစ်ယောက်သေဆုံးပြီး၊ တယောက်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလဲ စိန့်မာတင်ကျွန်းနားမှာ အလားတူပစ်ခတ်ခဲ့တဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ အိမ်နီးချင်းတွေကြားရှေး ရှုထားတဲ့ နှစ်နိုင်ငံယုံကြည်မှုနဲ့ နားလည်မှုကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆို လိုက်ပါတယ်။