အခုပြန်လည်ထုတ်ဝေတဲ့ အိုးဝေစာစောင်ကို အုပ်ရေ (၁၀၀၀) ရိုက်နှိပ်ထားပါတယ်။ စာစောင်ကို ခုရက်ပိုင်းအတွင်း ဖြန့်ချိလိုက်တဲ့ အကြောင်းကို ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။
အခု အိုးဝေစာစောင်မှာ အရင်က တကသ အမှုဆောင်တွေရေးတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းစဉ်ဆောင်းပါးတွေ၊ အခုလက်ရှိ ကျောင်းသားသမဂ္ဂ အမှုဆောင်တွေရဲ့ကဗျာ၊ ဆောင်းပါးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စာစောင်ကို ကိုရှိန်းရာဇာထွန်းက အယ်ဒီတာအဖြစ် တာဝန်ယူထားပြီး ပုံမှန်ထုတ်ဝေသွားဖို့ စီစဉ်ထားသလို စာစောင်ရောင်းရ အမြတ်ငွေကို ကျောင်းသားသမဂ္ဂ ရန်ပုံငွေအဖြစ် သုံးစွဲသွားမယ်လို့ သိရပါတယ်။
ဒီစာစောင်ကိစ္စနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်ကို ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00