အခြေခံပညာ မူလတန်း၊ အလယ်တန်း အောင်မြင်ပြီး အထက်တန်း အဆင့်ကို ရောက်ရှိလာတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အရည်အချင်း ညံ့ဖျင်းလွန်းတာကြောင့် အခုလို ၁၀ တန်း အောင်မြင်မှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရတာ ဖြစ်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမတွေက အစိုးရ စာသင်ကျောင်းတွေမှာ ပညာတတ်မြောက်အောင် သင်မပေးတော့ဘဲ အိမ်မှာ ဖွင့်လှစ်နေထားတဲ့ ကျူရှင်တွေမှာဘဲ အဓိကထား သင်ပြနေကြတဲ့ အတွက် သူတို့မှာ အဓိက တာဝန်ရှိကြောင်း ပန်းဘဲတန်း မြို့နယ်က ကျူရှင်ဆရာ တဦးက ပြောပါတယ်။ ဒါပေမယ့် ဝါရင့် ကျောင်းဆရာ တဦး ကတော့ အခြေခံ အဆင့်က စလို့ တက္ကသိုလ် အဆင့်မြင့် ပညာရေး အထိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် ချွတ်ခြုံကျ ပျက်စီးသွားခဲ့ရတာကို ကျူရှင် ဆရာတွေကို အပြစ်တင်တာ၊ ကျောင်းဆရာတွေကို ကျူရှင် မသင်ရ တားမြစ်တာ စတဲ့ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရဘဲ၊ ရေရှည် စီမံကိန်း ချမှတ်ပြီး ပြုပြင်သွားရမှာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00