မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေ တိုးတက်လာမှု
အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချမှတ်လုပ်ဆောင်နေပြီလို့ ပြောနေ ဆိုနေကြချိန်မှာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေ တိုးတက်ရရှိ လာပြီလားဆိုတဲ့ မေးခွန်းကို အခြေပြုဆွေးနွေးတင်ပြထားပါတယ်။
ရန်ကုန်မြို့က Triangle အမျိုးသမီးပံ့ပိုးမှုအဖွဲ့တာဝန်ခံ ဒေါ်ခင်လေး၊ YSPS ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီးတို့ ပါဝင်ဆွေးနွေးထားပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တာဖြစ်ပါတယ်။