RFA အင်တာနက် စာမျက်နှာတွေကို မြန်မာပြည်တွင်းက ကြည့်လို့မရအောင် ပိတ်ဆို့ထားတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဥပမာဆိုရင်၊ https://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အင်တာနက်စာမျက်နှာတွေကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပြူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲ့ဒီလို ကြားခံ ကွန်ပြူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ စာမျက်နာတွေကို ကြည့်နိင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိင်ပါဘူး။ ကွန်ပြူတာ အသုံးပြုသူဟာ ကြားခံကွန်ပြူတာထဲကို ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့သဘောပါပဲ။
ဘယ်လိုရှာဖွေကြမလဲ
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကြားခံကွန်ပြူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တစ်ခုခုကို သုံးပြီးရှာရမှာဖြစ်ပါတယ်။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတစ်ခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲ့ဒီလို ရှာလိုက်တဲ့အခါ ကြားခံကွန်ပြူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပြူတာဆီကို သွင်းနိုင်တဲ့ link လမ်းကြောင်းတွေကိုရှာရမှာ ဖြစ်ပါတယ်။
https://rb.centerinteract.pw
တခြား proxy လိပ်စာများ
https://aircraftaccents.com/rb
http://proxify.com/ (This is free but there is also a version available for a fee.)
Proxy Server ကြားခံ ကွန်ပြူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းအတိုင်း ရှာကြည့်ပြီးပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါတယ်။