သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-29
ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် လူမျိုးရေးပြသနာဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ အဲဒီဒေသတွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာပြီး ကူညီပေးနေတဲ့ Vision of Peace ငြိမ်းချမ်းရေးပုံရိပ်အဖွဲ့ ခေါင်းဆောင် ဒေါ်ဘောက်ဂျာက ပြောပါတယ်။
2011-12-28
အမျိုးသားစာပေ ဆုပေးပွဲနဲ့ စာပေဗိမာန် စာပေဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် နေပြည်တော်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ဆုရွေးချယ်ရေး ကော်မီတီအဖွဲ့ဝင်တွေနဲ့ ဆုရရှိသူ စာရေးဆရာတွေ ရောက်ရှိနေပါတယ်။
2011-12-06
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် စက်မှုတက္ကသိုလ် Virginia Tech က ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုက တဆင့် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပညာရေးကိစ္စတွေကို တိုက်ရိုက် ဆွေးနွေးခဲ့ပြီး၊ ကျောင်းသားတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2011-11-30
မြန်မာနိင်ငံကို မဆက်ဆံဘဲ ဒီအတိုင်း ဆက်လက် ထားမယ် ဆိုရင် တရုတ်နဲ့ ပိုမို ရင်းနှီးပြီး အမေရိကန်နိုင်ငံသာ ဆုံးရှုံး နစ်နာမယ်လို့ ဝါရင့် နိုင်ငံရေးသမားဟောင်း၊ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2011-11-28
ဗြိတိသျှ အင်ပါယာ ကိုလိုနီ အစိုးရကို တော်လှန်ခဲ့တဲ့ တောင်သူ လယ်သမား ခေါင်းဆောင်ကြီး ဆရာစံ ကြိုးပေးခံရတာ ဒီကနေ့ နှစ်ရှစ်ဆယ် ပြည့်ခဲ့ပါပြီ။
2011-11-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင် ပြန်တင်တဲ့အခါမှာ ပါတီ တည်ထောင်လိုသူ ၂၁ ဦးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ အမည်စာရင်း တင်သွင်းမယ်လို့ သိရတဲ့အတွက် ဒါဟာ အရင်က တာဝန်ယူနေတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေတို့ တရားဝင် အနားယူလိုက်တာလား၊ အဖွဲ့ချုပ် CEC အပြောင်းအလဲလား ဆိုတာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2011-11-24
သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးစစ်အေး က မြန်မာနိုင်ငံသားများ အနေနဲ့ မိမိတို့ရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားကြဖို့ လိုကြောင်းနဲ့ တရားသူကြီးတွေ ဟာလည်း တရားမျှတစွာနဲ့ သြဇာလွှမ်းမိုးမှု ကင်းစွာ စီရင်ကြရမှာဖြစ်ကြောင်း၊ အခုဆိုရင် အဂတိလိုက်စားမှုတွေ ပိုမိုလျော့ပါး နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
2011-11-23
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတြ ဦးသိန်းစိန် တို့အကြား အပြန်အလှန် လေးစား နားလည်မှု ရှိတာကို မိမိ အားရစရာ သိရှိရကြောင်း၊ စီးပွါးရေးမြုပ်နှံမှုတွေလည်း အကြီးအမား ဝင်ရောက်ဖို့ ရှိနေပြီဖြစ်တဲ့အတွက် လက်ရှိ တိုးတက်မှုတွေ အတိုင်းဆိုရင် လာမယ့် ၂၅ နှစ်တာ ကာလမှာ မြန်မာနိုင်ငံဟာ အာရှထိပ်သီး ၃ နိုင်ငံ စာရင်း ဝင်နိုင်ကြောင်း သမ္မတဦးသိန်းစိန် ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က RFA ကိုပြောပါတယ်။
2011-11-23
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို ကလေးထောင်ကနေ မြောင်းမြထောင်ကို ပြောင်းရွှေ့အပြီး အစ်မတော် ဖြစ်တဲ့ မခင်သူဌေးက ပြီးခဲ့တဲ့ တနင်္လာနေ့က ထောင်ဝင်စာသွားတွေ့ခဲ့တယ်လို့ သိရပါတယ်။
2011-11-08
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးရစေဖို့ အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့လိုကြောင်း NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2011-10-20
အမေရိကန်သံရုံး ယာယီ တာဝန်ခံနဲ့ အဖွဲ့ဟာ ကြာသပတေးနေ့ ညနေပိုင်းက နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာ (ခေါ်) ကိုသူရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
2011-10-20
မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တရုတ်မြန်မာနယ်စပ်မှာ KIO တပ်ဖွဲ့တွေကို အစိုးရတပ်က ထိုးစစ်ဆင်နေရာမှာ အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။
2011-10-05
အသက်သုံးဆယ့် ခြောက်နှစ်အရွယ် အမျိုးသားတဦး အူ အတက်ရောင်ရောဂါ ဖြစ်ပွါးလို့ ပြင်ပ ပုဂ္ဂလိက ဆေးရုံမှာ ခွဲစိပ်ကုသမှု ခံယူခဲ့ရာမှာ ဆုံးပါးသွားခဲ့ ပါတယ်။
2011-10-05
မြစ်ဆုံရေကာတာ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အခြေစိုက် Phoenix တရုတ် သတင်းဌာနက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြောဆိုဝေဖန် လိုက်ပါတယ်။
2011-10-03
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို လူထုက ဆန့်ကျင်သလို ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့တွေ ထုတ်ယူရောင်းချတဲ့ ကိစ္စ၊ တရုတ်နိုင်ငံကို ပိုက်လိုင်းသွယ်တဲ့ ကိစ္စတွေကိုလည်း မြန်မာပြည်သူ တရပ်လုံး ဆန့်ကျင်ဖို့ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။