၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးသူ မဟုတ်ဘဲ လေ့လာသူကတ်ပြားသာ ထုတ်ပေးလို့ဆိုပြီး ဝ,ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကိုယ်စားလှယ်တွေ မနေ့က ညီလာခံကနေ ထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ပုဂ္ဂ္ဂ္ဂိုလ်တွေရဲ့နာမည်မှာ သက်ဆိုင်ရာရာထူးတွေကို မဖော်ပြတဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
