၂၁ ရာစုပင်လုံညီလာခံ ဒုတိယနေ့

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယမြောက်နေ့ အစည်းအဝေးကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဒီကနေ့ ဆက်လက်ကျင်းပနေပါတယ်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးသွားသင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက တစ်ဖွဲ့ချင်း ဆွေးနွေးရာမှာ ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတာ တွေ့ရပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က ကောက်နှုတ်တင်ပြထားပါတယ်။