အိမ်သာသန့်ရှင်းရေး ဘယ်လောက်အရေးကြီးသလဲ

ကျန်းမာရေးကောင်းဖို့ မလုပ်မဖြစ်လုပ်ရမယ့်အရာတွေထဲမှာ အိမ်သာသန့်ရှင်းရေးလည်းတခု အပါအဝင် ဖြစ်ပါတယ်။ ကျမတို့ရဲ့ အိမ်သာတွေ သန့်ရှင်းရဲ့လား။ ဘယ်လောက်အထိ သန့်ရှင်းသလဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် သန့်ရှင်းရဲ့လား။

မြန်မာနိုင်ငံမှာ အိမ်သာသန့်ရှင်းရေးကို သိပ်ပြီး အလေးမထားလို့ မသန့်ရှင်းတဲ့ အိမ်သာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေရပါတယ်။ ဒီအကြောင်း မမြသဲခိုင်က RFA အတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။